ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

အမေရိကန်အစိုးရက အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင် နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိထားတယ်လို့ အီရန်က ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်စတင်လာရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ အကျိုးစီးပွားတွေကို အပြင်းအထန် တုံ့ပြန်တိုက်ခိုက်မယ်လို့ အီရန်က သတိပေးပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ကူညီပေးမယ့် ဒေသတွင်းနိုင်ငံတွေကိုလည်း ကျူးကျော်သူတွေ အဖြစ် သတ်မှတ်ပြီး လက်တုံ့ပြန်မယ်လို့ပါ အီရန်က ပြတ်ပြတ်သားသား ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ပတ်သက်လို့ စစ်ရေးအရ အရေးယူမှု၊ စီးပွားရေး ပိတ်ဆို့မှုနဲ့ သဘောတူညီချက် ရယူရေးဆိုတဲ့ နည်းလမ်းသုံးခုအနက် ဘယ်နည်းလမ်းကို သုံးရမလဲဆိုတာ ဆုံးဖြတ်နေဆဲလို့ ဆိုပါတယ်။

ဒီသီတင်းပတ်အတွင်း နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အီရန် သမ္မတ မာဆွပ်ပီဇက်ရှ်ကီယန်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲလို့ ၎င်းက ဆက်ပြောပါတယ်။

အီရန်က ဆွေးနွေးပွဲတွေ ပြန်စတင်နိုင်ရေး စစ်ပွဲတွေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ပေးဖို့၊ ပိတ်ဆို့ခံ ထိ အီရန်ဘဏ္ဍာငွေတွေကို ပြန်ပေးဖို့နဲ့ အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့ထားမှုကို ဖယ်ရှားပေးဖို့ တောင်း ဆိုပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌက သံတမန်ရေးအရ အသာစီးရရှိဖို့အတွက် စစ်ရေးအင်အားကို မဖြစ်မနေ အသုံးပြုရမယ်လို့ လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံက အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲကို အဆုံးသတ်ပြီး ဆွေးနွေးပွဲတွေ ပြန်လည်စ တင်နိုင်ဖို့ စက်တင်ဘာ ၂၁ ရက်အထိ သံတမန်ရေးအရ ကြားဝင် ဆောင်ရွက်ပေးနေပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးတွဲ တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ စတင်ခဲ့ တဲ့ အီရန်စစ်ပွဲဟာ ခုနစ်လကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

နှစ်ဖက် စစ်ရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့ စွမ်းအင် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှုတွေ သိသိသာသာ လျော့နည်းသွားပါတယ်။

ကိုးကား – Al Jazeera
Ref; Iran’s military says US preparing to resume strikes