
ဘီးလင်းမှာ ရဲသတင်းပေးဆိုသူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လမင်းဆိုသူ ပစ်သတ်ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊အလူးကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒီကနေ့ စက် တင်ဘာလ ၁၈ ရက် မနက် ၆ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ အလူးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးလမင်းဆိုသူဖြစ်ပြီး နေအိမ်မှာရှိနေတုန်းမှာ အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို့သိရပါတယ်။
” သူကရဲတွေနဲ့ပနာတအားသင့်တယ်။ ရွာကိုခြိမ်း ခြောက်တာတွေလည်းရှိတယ်။ အဓိက က သူက PDF လှုပ်ရှားမှူတွေကိုစောင့်ကြည့်ပြီး တပ်နဲ့ရဲကိုသတင်းပေးနေတာလို့သိရတယ်။ ဒလန်အကြီးစားပေါ့၊ အုပ်ကြီးလည်းအုပ်ကြီးဆိုတော့။ မနက်ကဝင်ပစ်တာခံလိုက်ရတာ” လို့ ဘီးလင်းဒေသခံအမျိုးသားတဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ပစ်ခတ်ခံရပြီးတဲ့နောက် သေနတ်ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံကိုပို့ဆောင်နေတုန်း လမ်းတွင်သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ဒုတိယအပတ်ထဲမှာလည်း ပျူစောထီးခေါင်းဆောင်လိုနာမည်ကြီးတဲ့ ဗိုလ်မှုးဟောင်းလှဝင်းသိန်းနဲ့ ဦးအောင်ညွှန့်ဆိုသူတွေလည်း ပစ်သတ်ခံခဲ့ရပါသေးတယ်။
#AyeyarwaddyTimes