ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

 

ရုရှားနိုင်ငံရဲ့ လွှတ်တော်ရွေးကောက်ပွဲ နောက်ဆုံးရက်မှာ ယူကရိန်းက မြို့တော်မော်စကို အပါအ ဝင် ရုရှားနိုင်ငံရှိ ဒေသအချို့ကို ဒရုန်းအစင်းရေ ၁,၀၀၀ ကျော်နဲ့ စံချိန်တင် အကြီးအကျယ် တိုက်ခိုက်ခဲ့ပါ တယ်။

 

ဒီတိုက်ခိုက်မှုဟာ မော်စကိုမြို့တော်ကို ပစ်မှတ်ထားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေထဲမှာ အကြီးမား ဆုံးဖြစ်တယ်လို့ မော်စကိုမြို့တော်ဝန်က အတည်ပြုခဲ့ပါတယ်။

 

တိုက်ခိုက်မှုကြောင့် မော်စကိုမြို့တော်ကို စွမ်းအင်ထောက်ပံ့ပေးနေတဲ့ ရေနံချက်စက်ရုံတစ်ရုံ ပျက်စီးခဲ့သလို လူနေအဆောက်အအုံအချို့လည်း ထိမှန်ခဲ့တာကြောင့် လူနှစ်ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မော်စကိုသို့ ဦးတည်လာတဲ့ ဒရုန်း ၄၅၀ အပါအဝင် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ယူကရိန်းဒရုန်း ၁,၁၁၀ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ယူကရိန်းသမ္မတ ဇီလန်စကီးက အဆိုပါတိုက်ခိုက်မှုမှာ ပြည်တွင်းဖြစ် ဒုံးကျည်တွေနဲ့ ဒရုန်းမျိုးစုံ ကို အသုံးပြုခဲ့ပြီး ရုရှားရဲ့ စစ်ပွဲယန္တရားအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနေတဲ့ စွမ်းအင်နဲ့ ထောက်ပံ့ပို့ ဆောင်ရေး အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။

 

ရုရှားက ယူကရိန်းနိုင်ငံ ခါဆွန်ဒေသရှိ ဘာသာရေးကျောင်းတစ်ကျောင်းနဲ့ ကိယက်ဗ်မြို့တော်ကို ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူနဲ့ ကလေးငယ်သုံးဦး အပါအဝင် ပြည်သူအများ အပြား သေဆုံးခဲ့ပါတယ်။

 

ဒီတိုက်ခိုက်မှုဟာ သမ္မတ ပူတင်ရဲ့ စည်းရုံးလှုံ့ဆော်မှုတွေနဲ့အတူ ရုရှားနိုင်ငံမှာ လွှတ်တော်ရွေး ကောက်ပွဲ ကျင်းပနေချိန်နဲ့ တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့တာပါ။

 

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေအချို့မှာပါ တရားမဝင် ရွေးကောက်ပွဲပြုလုပ်နေမှုကို ယူ ကရိန်းက ကန့်ကွက်ထားပြီး ယခုတိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

 

ယူကရိန်းဟာ တာဝေးသွား ဒရုန်းနှင့် ဒုံးကျည်နည်းပညာတွေမှာ အင်အားကြီးမားလာခဲ့ပြီး ရုရှား နိုင်ငံအတွင်းထဲအထိ ထိရောက်စွာ တိုက်ခိုက်လာနိုင်တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ နှစ်ဖက်စလုံးက လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်လာလို့ တင်း မာမှုတွေ မြင့်တက်လာပါတယ်။

 

ကိုးကား – India Today
Ref; Ukraine launches 1,000 drones at Russia in biggest ever strike on Moscow