ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က မြောက်ကိုရီးယားရဲ့ နျူကလီးယား စီ မံကိန်းအပေါ် ကန့်ကွက်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဩဇာ ညောင်းတဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က ပယ်ချလိုက်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရချိန်မှာ မြောက်ကို ရီးယားက နျူကလီးယားတပ်ဖွဲ့ရဲ့ စွမ်းရည်ကို ဆက်လက်ထိန်းသိမ်းမယ်လို့ ၎င်းက စက်တင်ဘာ ၁၉ ရက် မှာ ပြောကြားခဲ့ပါတယ်။
ဗီယင်နာမှာ ကျင်းပခဲ့တဲ့ (၇၀) ကြိမ်မြောက် အထွေထွေညီလာခံမှာ IAEA က မြောက်ကိုရီးယားကို နျူကလီး ယား လက်နက်ပိုင်နိုင်ငံအဖြစ် အသိအမှတ်မပြုနိုင်ကြောင်းနဲ့ နျူကလီးယား လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြောက်ကိုရီးယားရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို ချိုးဖောက်ပြီး ပြင်ပ နျူကလီး ယား ခြိမ်းခြောက်မှုတွေကို လျစ်လျူရှုထားတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန (KCNA) မှတစ်ဆင့် ကင်ယိုဂျောင်က တုံ့ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား ပိုင်ဆိုင်မှု အဆင့်အတန်းဟာ လုံးဝ ပြောင်းလဲလို့မရတော့တဲ့ အခြေအနေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အမေရိကန်က ဥရောပမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားတာ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့နဲ့ နျူကလီးယား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို IAEA က အရေးမယူဘဲ မျက်နှာလွှဲထားတယ်လို့ ၎င်းက ဝေဖန်ခဲ့ပါတယ်။
ဒါဟာ IAEA ရဲ့ ဘက်လိုက်မှုနဲ့ စံချိန်စံညွှန်း အတုအယောင်တွေကို ပေါ်လွင်စေပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်နေတာလို့ ကင်ယိုဂျောင်က စွပ်စွဲလိုက်ပါတယ်။လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေတွေအရ မြောက်ကိုရီးယားအနေနဲ့ အချုပ်အခြာအာဏာနဲ့ လုံ ခြုံရေးကို အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ခွင့်ပြုချက်ပေါ်မှာ မူတည်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဆုံးဖြတ်ချက်ဟာ ရန်လိုတဲ့ အင်အားစုတွေ ကြံ စည်ထားတာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားပိုင်ဆိုင်မှုဟာ မည်သူ့အသိအမှတ်ပြုမှုမှ မလိုအပ် ဘူးလို့ ထုတ်ပြန်ပါတယ်။မြောက်ကိုရီးယားအနေနဲ့ ပြင်ပ ခြိမ်းခြောက်မှုတွေကို အင်အားနဲ့ ကာကွယ်မှာဖြစ်ပြီး နျူကလီး ယားစွမ်းအားကို ဘယ်လိုနည်းနဲ့မှ ထိခိုက်ခံမည်မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။
ကိုးကား – Yonhap News
Ref; N. Korea rejects IAEA resolution, vows to maintain nuclear force amid U.S. threats