
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ရုရှားသမ္မတ ပူတင် စစ်ရေးနဲ့သံတမန်ရေးဖိအားတွေ ဘက်စုံ ရင်ဆိုင်နေရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
ယူကရိန်းတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ရုရှားတပ်ဖွဲ့တွေကို ပြန်မောင်းထုတ်နိုင်ခဲ့တာ ကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ပြည်တွင်း/ပြည်ပရဲ့ဖိအားတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ခုခံကာကွယ် ရေးမျဉ်းသစ်တစ်ခု သတ်မှတ်ခဲ့ရာ ရုရှားနဲ့ထိစပ်နေတဲ့ ခါကတ်ဗ်ဒေသမှာ နယ်မြေအများအပြားကို ယူကရိန်းတပ် ဖွဲ့တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
အိန္ဒိယနဲ့တရုတ်ရဲ့ စိုးရိမ်မှုတွေရှိလင့်ကစား မကြာသေးမီက စစ်ရေးအရ ရှုံးနိမ့်မှုတွေ ရှိလာတာကြောင့် ယူကရိန်းမှာ တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ ယခုသီတင်းပတ်အတွင်း ဥဇဘတ်ကစ္စတန်နိုင်ငံမှာ ပြု လုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပူတင်က ပြောပါတယ်။
ယူကရိန်းအရှေ့မြောက်ပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှ ဆုတ်ခွာခဲ့ရခြင်းကြောင့် ပူတင်ဟာ ဘက်ပေါင်းစုံမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါ တယ်။
အက်ဇီယမ်မြို့တော်မှ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးနောက် ယူကရိန်း အာဏာပိုင်တွေက ရုပ်အ လောင်းတွေ အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ပါတယ်။
အိုစကီးလ်မြစ်တစ်လျောက် ယူကရိန်းတပ်ဖွဲ့တွေ ချီတက်လာမှုကို ဟန့်တားဖို့ ရုရှားတပ်ဖွဲ့တွေက အား နည်းချက်တွေ များစွာ ရှိနေတယ်လို့ ဝါရှင်တန်အခြေစိုက် Institute for the Study of War က ပြောပါတယ်။
ကိုးကား – India Today
Ref; Military and diplomatic pressures mount on Russian President Vladimir Putin