ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ အစုန်အဆန် မောင်းနှင်နေသည့် ရွေးတုအစိုးရ စစ်တပ်၏ စစ်ရေယာဉ်များ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားနေသည့်အတွက် ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ ရေတပ်ဝန်းအတွင်း သက်ပျောက်ဆွမ်းနှင့် နာရေးများ ဆက်တိုက် ပြုလုပ်နေရကြောင်း သိရသည်။
စစ်တပ်ဘက်မှ သတင်းများကို အမှောင်ချထားသော်လည်း သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ ရေတပ် ဝန်းအတွင်းတွင် သေဆုံးသွားသည့် ရေတပ်တပ်ဖွဲ့ဝင်များအတွက် သက်ပျောက်ဆွမ်းများ ကြိတ်၍ ကပ်လှူနေကြရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“စစ်တပ်ဘက်က သေဆုံးသူအရေအတွက်ကို အပြင်မပေါက်အောင် ဖုံးဖိထားပေမဲ့ အခုလို နာရေးတွေ၊ သက် ပျောက်ဆွမ်းတွေကို ရေတပ်ဝန်းထဲမှာ တိတ်တဆိတ် ကြိတ်ပြီး လုပ်နေကြရတာပါ” ဟု တပ်တွင်းသတင်းရင်း မြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုတည်းတွင်ပင် တပ်မတော် (ရေ) မှ မာလိန်မှူး၊ ရေတပ်ကပ္ပတိန်တစ်ဦးနှင့် ရေတပ်သား သုံး ဦးတို့၏ နာရေးကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် စက်တင်ဘာ ၁၄ ရက်နေ့ကလည်း စာဝတီး ဆူးပုတ်ကုန်းအောက်ဘက်မှနေ၍ ညအမှောင်ကို အကာအကွယ်ယူကာ စုန်ဆင်းလာသည့် စစ်တပ်၏ စစ်ရေယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ရေယာဉ်မှာ နံနက်မိုးလင်းချိန်တွင် နတ်မျက်နှာတောင် တိုက်ပွဲ၌ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုတည်း၌ပင် တပ်မတော် (ရေ) မှ မာလိန်းမှူး၊ ရေ တပ်ကက်ပတိန်တစ်ဦးနှင့် ရေတပ်သား ၃ ဦးတို့၏ နာရေးကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ရသည်ဟုဆိုသည်။

ထို့အပြင် စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း စာဝတီး ဆူးပုတ်ကုန်း အောက်ဘက်မှနေ၍ ညအမှောင်ကို အကာအကွယ်ယူကာ စုန်ဆင်းလာသည့် စစ်တပ်၏ စစ်ရေယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) နှင့် ပူးပေါင်းတပ်များက စောင့်ကြိုတိုက် ခိုက်ခဲ့သည်။
အဆိုပါ စစ်ရေယာဉ်မှာ နံနက်မိုးလင်း ချိန်တွင် နတ်မျက်နှာတောင် တိုက်ပွဲ၌ နစ်မြုပ်သွားခဲ့ပြီး နစ်မြုပ်သွားသည့် စစ်ရေယာဉ်ပေါ်တွင် စကခ ၂၁ ဒုတပ်မမှူး လိုက်ပါလာသည်ဟု ဆိုသော်လည်း အသေးစိတ် အခြေအနေကိုမူ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့အထိ ဗန်းမော်သို့ ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုမှ သင်္ဘောအစီး ၂၀ ခန့်ကို နှစ်မြုပ်ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ဗန်းမော်မှ ပြန်လည်စုန်ဆင်းလာသည့် စစ်ရေယာဉ် တစ်စီးကို ထပ်မံ နှစ်မြုပ်ခဲ့သည်။