ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ဒေါ်လာ ၂၄ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ F-35 တိုက်လေယာဉ် ၄၈ စင်း ရောင်းချမယ့်အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်မှာ အ တည်ပြုလိုက်ပါတယ်။
အစီအစဉ်အရ တိုက်လေယာဉ်တွေအပြင် Pratt & Whitney စက်အင်ဂျင် ၄၉ လုံး၊ လျှို့ဝှက် သင်္ကေတသုံး စက်ပစ္စည်းတွေနဲ့ အီလက်ထရောနစ် ထောက်ပံ့ရေးစနစ်တွေလည်း ပါဝင်ပါတယ်။
တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ရေးသင်တန်းတွေနဲ့ လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်ကိုပါ အတည်ပြုခဲ့တာလို့ လွှတ်တော်ဆီ ပေးပို့တဲ့ အကြောင်းကြားစာမှာ ဖော်ပြပါတယ်။
ဒီလိုရောင်းချပေးတာဟာ ပင်လယ်ကွေ့ဒေသတွင်း တည်ငြိမ်ရေးနဲ့ စီးပွားရေး တိုးတက်မှုကို အ ထောက်အကူပြုနေတဲ့ နေတိုးအဖွဲ့ဝင် မဟုတ်သော အဓိက မဟာမိတ်နိုင်ငံရဲ့ လုံခြုံရေးကို မြှင့်တင်ပေး ရာရောက်တယ်လို့ အမေရိကန်က ဆိုပါတယ်။
ယခုအစီအစဉ်ကြောင့် ဒေသတွင်းမှာ စစ်ရေးအင်အားချိန်ခွင်လျှာ ပျက်ယွင်းသွားစရာ မရှိသလို ဆော်ဒီအာရေးဘီးယားသို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထပ်မံ စေလွှတ်ဖို့ မလိုဘူးလို့ ဆိုပါတယ်။
ဒီစစ်လက်နက် အရောင်းအဝယ်ကိစ္စအတွက် Lockheed Martin နဲ့ Pratt & Whitney ကုမ္ပဏီ တို့က အဓိက တာဝန်ယူ ဆောင်ရွက်ပေးသွားမှာပါ။
အမေရိကန်ဥပဒေအရ လွှတ်တော်က တရားဝင် အကြောင်းကြားစာ ရရှိပြီး ရက်ပေါင်း ၃၀ အ တွင်း ကန့်ကွက်ပိုင်ခွင့် ရှိနေပါတယ်။
ကန့်ကွက်မှု မရှိဘူးဆိုရင်တော့ အမေရိကန်အစိုးရအဖွဲ့က သဘောတူညီချက်ကို အပြီးသတ် အ တည်ပြုပေးမှာ ဖြစ်ပါတယ်။
ဒါဟာ ပင်လယ်ကွေ့ဒေသတွင်း အမေရိကန်ရဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေးကို ပို မို ခိုင်မာစေမယ့် စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။
ဒီစစ်လက်နက်ရောင်းချမှုနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်ရဲ့ စိစစ်မှုအခြေအနေကို နိုင်ငံတ ကာက စောင့်ကြည့်နေပါတယ်။
ကိုးကား – Anadolu
Ref; US approves $24.3B F-35 fighter jet sale to Saudi Arabia