မြန်မာနဲ့ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ပြော

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၈ ရက်

မြန်မာက အမှားအယွင်းကို သိရှိကာ အနာဂတ်မှာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ့် အပြုအမူတွေ ရှောင်ကြဉ်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်းခန်းကာမယ်က ပြောကြား လိုက်ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပဋိပက္ခမဖြစ်ချင်တဲ့အတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖို့ လုပ်ဆောင် နေပါတယ်။ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ ကုလသမဂ္ဂအထိ တိုင်ကြားမှာဖြစ်ပါတယ်” လို့ ၄င်းက သတင်း ထောက်တွေကို ပြောပါတယ်။

မြန်မာဘက်မှ လက်နက်ကြီးကျည် ကျရောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အပြင်းအ ထန် ကန့်ကွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း အသိပေးဖို့ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး အသိ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဝန်ကြီးချုပ်က စစ်ပွဲ အလိုမရှိဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းလိုပါတယ်။ သူတို့ရဲ့ ပြည်တွင်း ပဋိပက္ခ သူတို့နယ်နိမိတ်အတွင်းမှာဘဲ ဖြစ်ပါစေ” လို့ ၄င်းက ပြောပါတယ်။

မြန်မာက မည်သည့်အခါမျှ ကတိကဝတ်ကို လိုက်နာခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။ “ကျွန်တော်တို့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်နေပါတယ်” လို့ ကာမယ်က ပြောပါတယ်။

“တစ်ခါတစ်ရံ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်ကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကို တွေ့ရပါတယ်။ သူတို့စစ်ပွဲကို သူတို့နယ်နိမိတ်အတွင်းမှာဘဲ တိုက်ခိုက်သင့်ပါတယ်” လို့ ၄င်းက ဆိုပါတယ်။

ယမန်နေ့ကလည်း မြန်မာစစ်တပ်မှပစ်ခတ်သော လက်နက်ကြီးကျည်တစ်လုံး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ဒုက္ခသည်စခန်းတစ်ခုအတွင်း ကျရောက်ခဲ့ရာ တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုးကား – National News Agency of Bangladesh

Ref; Efforts underway to resolve issues with Myanmar peacefully: Kamal