
ဧရာဝတီတိုင်းတွင် ပင်လယ်ထွက်ပေါက်များတွင် လုံခြုံရေး စစ်မှုထမ်းဟောင်းများကို အစားထိုးတာဝန်ပေးလာ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ စက်တင်ဘာလ ၁၈ ရက်
ဧရာဝတီတိုင်းအတွင်းရှိ ပင်လယ်ကမ်းရိုးတန်း ပင်လယ်ထွက်ပေါက်များ လုံခြုံရေးတာဝန်ချထားသည့် စစ်ကောင်စီတပ်အစား မြို့နယ်အလိုက် စစ်ပြန်စစ်မှုထမ်းဟောင်းများဖြင့် အစားထိုးကာ လုံခြုံရေးချထားကြောင်း စစ်မှု့ထမ်းဟောင်းအဖွဲ့ အသိုင်းဝိုင်းကသိရသည်။
စက်တင်ဘာလ ပထမအပတ်ကစတင်ပြီး စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့တွေနှင့် သတင်းပေးဒလန်အချို့အား စစ်သားပုံစံ ယူနီဖောင်း လက်နက်ခဲယမ်းတပ်ဆင်ပြီး စစ်ကောင်စီတပ်သားများနေရာတွင် လုံခြုံရေးအစားထိုးတာဝန်ယူစေခဲ့ခြင်းဖြစ်ကြောင်း စစ်မှုထမ်းဟောင်းတဦးမှ ပြောသည်။
” အစားထိုးတာဝန်ပေးအပ်ထားတာလေ ပင်လယ်ထဲဝင်တဲ့လမ်းတွေ ပင်လယ်ကမ်းရိုးတန်းတွေကို တာဝန်ချထားတာ အားလုံးက စစ်မှုထမ်းဟောင်းတွေလိုလိုဖြစ်နေပြီ”ဟု ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်သားတွေအစား စစ်မှုထမ်းဟောင်းများအား အစားထိုးနေရာချထားသော်လည်း အရင်တာဝန်ကျသည့် တပ်ရင်း တပ်မများအမည်ဖြင့် ဆက်လက်လှုပ်ရှားနေသည်ဟုဆိုသည်။
ဧရာဝတီတိုင်းအတွင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ်အများစုတွင် စစ်ပြန်စစ်မှု့ထမ်းဟောင်းအချို့နှင့် မြို့များတွင် စစ်ကောင်စီဘက်ကနေ သတင်းပေးဒလန် လုပ်ပေးနေသူများအား လက်နက်ငယ်သင်တန်းပေးထားတဲ့သူတွေကို ဦးစားပေးရွေးချယ်ပြီး စစ်တပ်နေရာမှာ စစ်ကောင်စီတပ်က အစားထိုးပြီး လုံခြုံရေးတာဝန်ချထားတာဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်
နီးစပ်သူများထံမှ သိရသည်။