ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆

အမေရိကန်နိုင်ငံဟာ အာကာသထဲမှာ တိုက်ခိုက်ရေးလက်နက်တွေ တပ်ဆင်ထားကြောင်း ပထမ ဆုံးအကြိမ် တရားဝင် ဝန်ခံလိုက်ပြီးနောက် အာကာသထဲ စစ်ရေးတိုးချဲ့နေတာတွေကို ချက်ချင်း ရပ်တန့် ဖို့ တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။

အမေရိကန်ရဲ့ အခုလိုလုပ်ရပ်ဟာ အာကာသစစ်ပွဲ စတင်ဖို့ ပြင်ဆင်တာဖြစ်ပြီး တစ်ကမ္ဘာလုံးအ တိုင်းအတာ အာကာသဆိုင်ရာ လက်နက်ပြိုင်ပွဲကို မီးမွှေးပေးသလို ဖြစ်စေနိုင်တယ်လို့ တရုတ်နိုင်ငံပိုင် မီ ဒီယာတွေနဲ့ စစ်ရေးကျွမ်းကျင်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျားကန်က အာကာသကို စစ်ပွဲဆင်နွှဲ ရာ ဇုန်တစ်ခုအဖြစ် ပြောင်းလဲတာနဲ့ လက်နက်တပ်ဆင်တာတွေကို တရုတ်က လုံးဝ ကန့်ကွက်ကြောင်းနဲ့ ကမ္ဘာ့မဟာဗျူဟာမြောက် တည်ငြိမ်ရေးအတွက် အမေရိကန်အနေနဲ့ အာကာသမှာ စစ်ရေးတိုးချဲ့မှုတွေ ကို လက်တွေ့ကျကျ ရပ်တန့်ပြဖို့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ အမေရိကန် လေတပ်ဝန်ကြီး ထရွိုင်မိန့်ခ်ရဲ့ ထုတ်ဖော်ပြောကြားချက်အပေါ် မူတည် ပြီး ဖြစ်ပေါ်လာတာပါ။

အမေရိကန်ဟာ ရန်သူတွေရဲ့ တိုက်ခိုက်မှုရန်မှ မိမိတို့တပ်ဖွဲ့တွေကို ကာကွယ်ဖို့အတွက် အာကာ သထဲမှာ လက်နက်တွေ တပ်ဆင်ထားတယ်လို့ ၎င်းက တနင်္လာနေ့မှာ အတိအလင်း ဝန်ခံခဲ့ပေမဲ့ လက် နက်အမျိုးအစားတွေကိုတော့ အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံပိုင် Global Times သတင်းစာက ဝါရှင်တန်ရဲ့ အခုလိုလုပ်ရပ်ဟာ အာကာသနယ် ပယ်မှာ စိုးမိုးခြယ်လှယ်ချင်တဲ့ အမေရိကန်ရဲ့ စိတ်ဓာတ်ကို ပေါ်လွင်စေပြီး ကမ္ဘာ့အာကာသ လက်နက် ပြိုင်ပွဲကို တွန်းပို့ရာ ရောက်နေတယ်လို့ ဝေဖန်ပါတယ်။

တရုတ်စစ်ရေးလေ့လာသူ ဆောင်ကျောင်ပင်က အမေရိကန်ဟာ ယခင်က အာကာသ အခြေခံအ ဆောက်အအုံတွေကို ကာကွယ်တာနဲ့ မြေပြင်အခြေစိုက်စနစ်တွေကို အားကိုးရာကနေ အခုဆိုရင် အာကာ သပတ်လမ်းထဲ လက်နက်တွေ တိုက်ရိုက်တပ်ဆင်တဲ့ အဆင့်ထိ တင်းမာမှုကို မြှင့်တင်လိုက်တာဖြစ်လို့ အ ခြားနိုင်ငံတွေမှာ တုံ့ပြန်ဖို့ ရွေးချယ်စရာမရှိဘဲ ဖိအားဖြစ်လာရကြောင်း ထောက်ပြပါတယ်။

အမေရိကန်ရဲ့ အာကာသဆိုင်ရာ လက်နက်တပ်ဆင်မှုတွေကြောင့် လုံခြုံရေးဆိုင်ရာ အကျပ်အ တည်းသစ်တစ်ခု ဖြစ်ပေါ်လာပြီး အခြားနိုင်ငံတွေကို တိုက်ခိုက်ရေးစွမ်းရည်တွေ တိုးမြှင့်လာအောင် တွန်း အားပေးသလို ဖြစ်စေတယ်လို့ တရုတ်ဆင်ဟွာသတင်းဌာနက သုံးသပ်ပါတယ်။

ကိုးကား – Reuters
Ref; China warns US space weapons could fuel arms race