ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

တောင်ငူခရိုင် ၊ ဖြူးမြို့နယ် ၊ ညောင်ပင်သာကျေးရွာအုပ်စု ၊ ညောင်ပင်သာ စျေးမြောက်ဘက် မုန့်ဟင်းခါးဆိုင်တွင် စျေးလာဝယ်သည့် လူငယ်နှစ်ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံက သိရသည်။

ညောင်ပင်သာကျေးရွာအုပ်စု ၊ ညောင်ပင်သာ စျေးမြောက်ဘက် ဝါဝါဝင်း မုန့်ဟင်းခါးဆိုင်တွင် စက်တင်ဘာ ( ၁၂) ရက် ၊ နံနက် ရှစ်နာရီအချိန်တွင် ရွေးတုအစိုးရတပ်က လူငယ်နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ အုတ်ဖိုမြို့နေသူလူငယ်များဖြစ်ပြီး ကိုသန့်ဇင်အောင် နှင့် ကိုကျော်မင်းခန့်တို့ဖြစ်ပြီး လက်နယ်ငယ်အချို့ပါတွေ့ရှိသည်ဟု စစ်တပ်ဘက်က သတင်းဖြန့်ထားသည်။

အဆိုပါလူငယ်များသည် PDF များဖြစ်ပြီး ရိက္ခာဝယ်ယူ စုဆောင်းရန် ညောင်ပင်သာ စျေးသို့ လာရောက်စဥ် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းတွင် စစ်တပ်က သတင်းဖြန့်နေကြောင်း သိရသည်။