ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

တောင်ကိုရီးယားနိုင်ငံဟာ ရေအောက်ထဲရှိ ရန်သူ့ရေငုပ်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို ရှာဖွေ တိုက်ခိုက်နိုင်တဲ့ အမေရိကန်ထုတ် MH-60R Seahawk ရဟတ်ယာဉ် အစင်း ၂၀ နီးပါးကို ထပ်မံ ဝယ်ယူဖို့ အတည်ပြုလိုက်ပါတယ်။

ဒီစီမံကိန်းကို ၂၀၃၂ ခုနှစ်အထိ အကောင်အထည်ဖော်မှာဖြစ်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ် လာ ၂ ဒသမ ၄ ဘီလီယံခန့် အသုံးပြုမယ်လို့ တောင်ကိုရီးယား စစ်လက်နက်ပစ္စည်းဝယ်ယူရေး အေဂျင်စီ (DAPA) က စက်တင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် စစ်လက်နက်ကုမ္ပဏီကြီး Lockheed Martin က ထုတ်လုပ်တဲ့ Seahawk ရဟတ် ယာဉ်တွေဟာ တစ်နာရီကို ၃၃၃ ကီလိုမီတာအထိ အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။

အဆိုပါရဟတ်ယာဉ်တွေဟာ ရေငုပ်သင်္ဘော ပစ်မှတ်ထား တိုက်ခိုက်မှု၊ စစ်သင်္ဘောများ တိုက် ခိုက်မှုနဲ့ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးတွေ အပါအဝင် တာဝန်မျိုးစုံကို တစ်ပြိုင်နက်တည်း ဆောင် ရွက်နိုင်ပါတယ်။

တောင်ကိုရီးယားရေတပ်ဟာ စစ်သင်္ဘောကြီးတွေပေါ်မှာ လက်ရှိ အသုံးပြုနေတဲ့ သက်တမ်းရင့် Lynx ရဟတ်ယာဉ်တွေနေရာမှာ အစားထိုးဖို့အတွက် အခုလို ပြည်ပကနေ ထပ်မံဝယ်ယူတာ ဖြစ်ပါတယ်။

Seahawk ရဟတ်ယာဉ်တွေဟာ Lynx အမျိုးအစားတွေထက် ရေအောက်နဲ့ ရေပြင်ပေါ်က ပစ် မှတ်တွေကို ပိုမိုတိကျစွာ ရှာဖွေဖော်ထုတ်နိုင်တဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်။

ရေကြောင်းစစ်ဆင်ရေးတွေမှာ ရန်သူ့ခြိမ်းခြောက်မှုကို ပိုမို အဟန့်အတား ပြုလုပ်နိုင်ဖို့ တောင်ကို ရီးယားရေတပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို အဆင့်မြှင့်တင်တာလည်း ဖြစ်ပါတယ်။

ဆောက်လုပ်ရေးနဲ့ လွှဲပြောင်းယူရေး လုပ်ငန်းတွေကို ၂၀၃၂ ခုနှစ်အထိ အဆင့်လိုက် လုပ်ဆောင် မှာဖြစ်လို့ တောင်ကိုရီးယားရဲ့ ရေကြောင်း ကာကွယ်ရေးစွမ်းအား ပိုမို ကောင်းမွန်လာမှာပါ။

အိမ်နီးချင်း မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောနည်းပညာ တိုးတက်လာမှုနဲ့အတူ ဒေသတွင်း ရေ ကြောင်း လုံခြုံရေးစိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့အတွက် စစ်လက်နက်ပစ္စည်း အဆင့်မြှင့်တင်မှုကို ပြုလုပ်ရ ခြင်း ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ဝယ်ယူမှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာစေမှာ ဖြစ်သလို တောင်ကိုရီးယားရေတပ်အတွက်လည်း အဓိက တိုက်ခိုက်ရေး အင်အားတစ်ခု ဖြစ်လာမှာပါ။

ကိုးကား – Yonhap News
Ref; S. Korea to additionally buy some 20 U.S. Seahawk helicopters by 2032