ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

မြောက်ကိုရီးယားနိုင်ငံဟာ လက်နက်ကြီးတပ်ဖွဲ့တွေနဲ့ ဒုံးကျည်တပ်ဖွဲ့တွေ ပါဝင်တဲ့ ကျည်အစစ် နဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၄ ရက်မှာ သ တင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ တပ်ရင်း ၅ ခုအပြင် အခြားသော လက်နက်စနစ် အများအပြားကိုလည်း စမ်းသပ်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ တိုက်ခိုက်ရေးဒရုန်းပေါင်းစုံ၊ နည်းဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ ထိန်းဒုံးကျည်တွေနဲ့ ရော့ကက်လောင်ချာတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အမိန့်ရတာနဲ့တစ်ပြိုင်နက် ရန်သူကို စိစိညက်ညက် ကျေသွားစေဖို့ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်လို့ KCNA က အမြှောက်တပ်ဖွဲ့မှူးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြပါတယ်။

မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ဆီ တာတိုပဲ့ထိန်းဒုံးကျည်တွေကို ပစ် ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက စက်တင်ဘာ ၁၂ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

ဒီလို ဒုံးကျည်ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် သုံးနိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ချက်ချင်း ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ယခုလို ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း စစ်ရေးတင်းမာမှု တွေ တိုးလာစေပါတယ်။

အရှေ့တောင်အာရှနဲ့ အာရှဒေသတွင်းနိုင်ငံတွေက မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေ ကို စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။

ကိုရီးယားကျွန်းဆွယ်ဒေသမှာ လုံခြုံရေး အခြေအနေတွေဟာ ဒီလို စစ်ရေးလေ့ကျင့်မှုတွေကြောင့် ပိုမို ရှုပ်ထွေးလာပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက လုံခြုံရေး အစီအမံတွေကို ပိုမို တင်းကျပ် ဆောင်ရွက်နေပါတယ်။

ကိုးကား – Reuters
Ref; North Korea held live-fire drills involving artillery and missiles, KCNA says