ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

အိုင်ယာလန်နိုင်ငံမှာ ကျင်းပတဲ့ Irish Open ဂေါက်သီးရိုက်ပြိုင်ပွဲအပြီးမှာ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က အိုင်ယာလန်ဝီစကီတွေအပေါ် ကောက်ခံတဲ့ အခွန် ၁၀ ရာခိုင်နှုန်းကို ပယ်ဖျက်ပေးမယ်လို့ တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒီပွဲမှာ အိုင်ယာလန်ဝန်ကြီးချုပ် မစ်ချယ်မာတင် အပါအဝင် အနိုင်ရ ဂေါက်သီးရိုက် အားကစားသ မား ရှိန်းလိုရီနဲ့ အခြားပုဂ္ဂိုလ်တွေက အခွန်ကင်းလွတ်ခွင့်ပေးဖို့ သူ့ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆုပေးပွဲ အခမ်းအနားမှာ ဒေါ်နယ်ထရမ့်က “လူတိုင်းက ဒီကိစ္စအတွက် ကျွန်တော့်ကို တောင်းဆို နေကြတာ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စု ကိုယ်စား အိုင်ယာလန်ဝီစကီအပေါ် ကောက်ခံတဲ့ အခွန် တွေကို ဖျက်သိမ်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ ကြေညာချက်ကြောင့် ပွဲကြည့်ပရိသတ်တွေကြား လက်ခုပ်တီး သြဘာပေးခဲ့ကြပေမဲ့ ဒီအ ခွန်ပယ်ဖျက်မှုကို ဘယ်အချိန်မှာ အကောင်အထည်ဖော်မယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိ သေးပါဘူး။

လက်ရှိမှာ အိုင်ယာလန်ဝီစကီဟာ အမေရိကန်က ဥရောပသမဂ္ဂ (EU) ထုတ်ကုန်တွေအပေါ် စံနှုန်း အတိုင်း ကောက်ခံနေတဲ့ သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်းအောက်မှာ ပါဝင်နေတာပါ။

ပြီးခဲ့တဲ့ဧပြီလမှာ ဒေါ်နယ်ထရမ့်ဟာ ချားလ်စ်ဘုရင်တို့ဇနီးမောင်နှံရဲ့ မေတ္တာရပ်ခံမှုကြောင့် စ ကော့တလန်နဲ့ မြောက်အိုင်ယာလန်ထုတ် ဝီစကီတွေအပေါ် အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။

ဒါကြောင့် အိုင်ယာလန် ဝီစကီအသင်းနဲ့ အမေရိကန် စက်မှုလက်မှု အဖွဲ့အစည်းတွေကလည်း ဒီ လို အခွန်ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

အမေရိကန် ယမကာထုတ်လုပ်သူများအသင်း (DISCUS) ရဲ့ ဥက္ကဋ္ဌ ခရစ်ဆွမ်ဂျာက ဒေါ်နယ်ထရမ့် ရဲ့ ဆုံးဖြတ်ချက်ဟာ ကုန်သွယ်ရေး အတားအဆီးတွေကို လျှော့ချရာမှာ ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တယ် လို့ ဆိုပါတယ်။

ရှေ့လာမယ့် အားလပ်ရက်ကာလတွေမှာ အမေရိကန်က စားသောက်ဆိုင်တွေ၊ ရောင်းချသူတွေနဲ့ စာသုံးသူတွေအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စကော့ချ်ဝီစကီတွေလိုမျိုး အိုင်ယာလန်ဝီစကီကိုပါ အခွန် ကင်းလွတ်ခွင့်ပေးမယ့် အစီအစဉ် ကြောင့် နှစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းရှင်တွေက ကြိုဆိုနေကြပါတယ်။

ကိုးကား – India Today
Ref; Trump says US will remove 10% tariff on Irish whiskey after Irish Open