ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ဟာ နှစ်နိုင်ငံကြား ကာလ ရှည်ကြာရှိခဲ့တဲ့ ဆက်ဆံရေးကို ပိုမို နက်ရှိုင်းအောင် လုပ်ဆောင်ဖို့ သောကြာနေ့မှာ သဘောတူခဲ့ပါတယ်။

 

အနောက်အုပ်စုရဲ့ စည်းမျဉ်းတွေကနေ လွတ်မြောက်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် ပ လက်ဖောင်းသစ်တစ်ခုကို BRICS အဖွဲ့အနေနဲ့ တည်ဆောက်သင့်တယ်လို့ ပူတင်က ပြောပါတယ်။

 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေး မတိုင်မီ နှစ်နိုင်ငံခေါင်း ဆောင်နှစ်ဦးဟာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန်သမ္မတ မာဆွပ်ပက်ဇက်ရှ်ကီယန် အပါအဝင် အခြားခေါင်းဆောင်တွေလည်း တက်ရောက်ကြဖို့ ရှိနေပါတယ်။

အိန္ဒိယဟာ အမေရိကန်၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ၊ ရုရှား၊ အီရန်နဲ့ အစ္စရေးတို့နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းညှိနေရသလို ယူကရိန်းနဲ့ အီရန် စစ်ပွဲတွေကြောင့် ကုန်သွယ်ရေး ထိခိုက်မှုတွေကို လည်း ရင်ဆိုင်နေရပါတယ်။

 

BRICS အဖွဲ့ဟာ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ အဖွဲ့အစည်းတွေအပေါ် ဩဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစား နေပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ရှိ နေပါတယ်။

 

အနောက်အုပ်စုရဲ့ မတရား အကန့်အသတ်တွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တွန်းလှန်ပြီး ကမ္ဘာ့စီး ပွားရေးအတွက် ရေရှည်ခိုင်မာမယ့် လမ်းကြောင်းသစ်ကို BRICS က ဖန်တီးမယ်လို့ ပူတင်က ဆိုပါတယ်။

 

အိန္ဒိယဟာ တရုတ်နဲ့အတူ ရုရှားရေနံကို အများဆုံး ဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပြီး အနောက်အုပ်စုရဲ့ ဒဏ်ခတ်မှုတွေကြား ရုရှားနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် လုပ်ဆောင်နေပါတယ်။နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို ၂၀၃၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ အ ထိ တိုးမြှင့်သွားဖို့ နှစ်ဘက်စလုံးက ပစ်မှတ်ထားနေပါတယ်။

 

ကိုးကား – CNA
Ref; Modi, Putin seek stronger ties as Russia calls for BRICS to counter West