
စက်တင်ဘာလ ၁၇ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)
– ရခိုင်တိုက်ပွဲ “အဆုံးအဖြတ်နဲ့ အဆုံးသတ်တိုက်ပွဲ” ဟု အေအေ ဒုစစ်ဦးချုပ် ပြော
– ခင်ဦးမြို့ မြို့တော်ခန်းမအနီး ပြုလုပ်နေသည့် ပျူစောထီးသင်တန်းကို PDF များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
– ဘန့်ဘွေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ ထောက်ပို့တပ်မလာလို့ ရိက္ခာပြတ်တောက်နေ၊ အနီးအနားရွာတွေက ကြက် ဝက်တွေ လုယူစားသောက်နေရ
– ဒီပဲယင်းမှာ စစ်ကောင်စီလေတပ်က ရဟတ်ယာဥ် ၄ စီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၅ဦး အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးခံရ
– မောင်တောတွင် အရပ်သားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး
– ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်မိုင်းဆွဲခံရပြီးနောက် ကျောင်းသားလူငယ် ၂၀ ခန့် ဖမ်းဆီးခံရ
– ရွှေလီမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လောခ့်ဒေါင်း ပြန်ချ
– DVB ၏ ငြိမ်းချမ်းရေး မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲအတွက် ရုပ်ရှင်ရိုက်ကူးသူ ၁၀ ဦးကို ရွေးချယ်
– အာဏာသိမ်းပြီးနောက် သတင်းစာနယ်ဇင်းသမားပေါင်း ၁၄၀ အထိ ဖမ်းဆီးခံခဲ့ရ
– တောင်ကုတ်တွင် စစ်ကောင်စီ ရေတပ်ဇက်ရေယာဉ် ၁ စီးကို အေအေ တိုက်ခိုက်