ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းကို တိုက်ခိုက်ဖို့အတွက် အီရန်ဟာ တရုတ် ကုမ္ပဏီတွေထံမှ အရည်အသွေးမြင့် ဂြိုဟ်တုဓာတ်ပုံတွေ ရယူခဲ့တယ်လို့ The Wall Street Journal (WSJ) က ဖော်ပြလိုက်ပါတယ်။
အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ အမေရိကန် ဗ ဟိုစစ်ဌာနချုပ် (CENTCOM) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် တာဝန်ရှိသူတွေက တရုတ်ကို မေးမြန်းစုံစမ်းခဲ့ပေမဲ့ တရုတ်အ ရာရှိတွေက ဂရုမစိုက်ဘဲ ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့တယ်လို့ WSJ က ဆိုပါတယ်။

အခုလို ရှင်းလင်းပြတ်သားတဲ့ ဂြိုဟ်တုဓာတ်ပုံအသစ်တွေ ရရှိတာဟာ အီရန်အတွက် အရေးပါတဲ့ စစ်ရေးပစ်မှတ်တွေကို ရွေးချယ်နိုင်ဖို့ အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်း ကျင်သူတစ်ဦးက သုံးသပ်ပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထားဖို့ တရုတ်ကုမ္ပဏီတွေ လွှတ်တင်ထားတဲ့ စီးပွားရေးဆိုင်ရာ ဂြိုဟ်တုဓာတ်ပုံတွေကို သုံးခဲ့တာလို့ သတင်းတွေ ထွက်နေပေမဲ့ တ ရုတ်အစိုးရကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဒီလို နည်းပညာနဲ့ ဂြိုဟ်တုအချက်အလက် ပံ့ပိုးမှုတွေကြောင့် တိုက်ခိုက်မှုတွေဟာ ပိုပြီးတော့ ထိ ရောက်စေနိုင်ပါတယ်။အမေရိကန်က တပ်ဖွဲ့ဝင်တွေ ဘေးကင်းရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး လုံ ခြုံရေး ပိုမို တင်းကျပ်မယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ကြား သံတမန်ရေးအရ တင်းမာမှုတွေ မြင့်တက်နေပြီး တရုတ်ကုမ္ပဏီ တွေက ဂြိုဟ် တုဓာတ်ပုံတွေကို စီးပွားရေးအရ ရောင်းချခဲ့တာ ဖြစ်နိုင်တယ်လို့ အချို့က သုံးသပ်ပါတယ်။ ဒါပေမဲ့ စစ်ရေးမှာ အသုံးပြုဖို့ အီရန်ကို ကူညီခဲ့တယ် ဆိုတာကိုတော့ တရုတ်က လက်မခံပါဘူး။ ယခုဖြစ်စဉ်ကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ အခြေအနေတွေဟာ ပိုပြီး ရှုပ်ထွေးလာနိုင်ပါတယ်။
ကိုးကား – NHK
Ref; WSJ: Iran used Chinese information to attack US target