ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

ဥရောပနိုင်ငံတွေက ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့တွေ စေလွှတ်လာရင် ရုရှားနဲ့ တိုက်ရိုက် စစ်ဖြစ်တာ ပဲလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်တွေ ပေးနိုင်ဖို့ ဥရောပအစိုးရအဖွဲ့တွေကြား ဆွေးနွေးနေ တာနဲ့ ပတ်သက်ပြီး ပူတင်က အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

“အခုဆိုရင် ယူကရိန်းနယ်မြေထဲ ဥရောပတပ်ဖွဲ့တွေ စေလွှတ်ဖို့အထိ ပြောဆိုနေကြပါပြီ၊ ဒါဟာ ရုရှားနဲ့ စစ်ဖြစ်တာပါပဲ” လို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံဟာ ဥရောပတိုက် လုံခြုံရေးအတွက် ဘာအန္တရာယ်မှ မရှိပါဘူးလို့ ပူတင်က ဆက်ပြော ပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ ပြည်သူတွေကို မရှိတဲ့ အန္တရာယ်တစ်ခုပြပြီး ခြောက်လှန့်နေကြတာ လို့ ၎င်းက စွပ်စွဲလိုက်ပါတယ်။

“ရုရှားနိုင်ငံဟာ ဥရောပနိုင်ငံတွေကို ခြိမ်းခြောက်နေတာ မရှိသလို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက် လည်း မရှိပါဘူး” လို့ သူက ဆက်ပြောပါတယ်။

အနောက်အုပ်စုက ယူကရိန်းကို စစ်ရေးအရ ကူညီနေတာတွေကို ဟန့်တားဖို့ ရုရှားနိုင်ငံက ခုလို မကြာခဏ ခြိမ်းခြောက်လေ့ ရှိပါတယ်။ လက်ရှိမှာတော့ ဥရောပတပ်ဖွဲ့တွေ ယူကရိန်းနိုင်ငံထဲ ဝင်ရောက် တပ်ဖြန့်တာမျိုး မရှိသေးပါဘူး။

နောက်ပိုင်း ဖြစ်လာနိုင်တဲ့ အပစ်အခတ်ရပ်စဲရေးတွေအရ ရုရှားက စစ်အင်အားပြန်စုပြီး ထပ်မံ တိုက်ခိုက်တာမျိုး မလုပ်နိုင်အောင် ယူကရိန်းရဲ့ မဟာမိတ်တွေက လုံခြုံရေး အာမခံချက်ပေးဖို့ ဆွေးနွေး နေကြချိန်မှာ ပူတင်ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာတာပါ။

ဒီဆွေးနွေးမှုတွေဟာ ယူကရိန်းနိုင်ငံရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အရေးပါတုန်းပဲလို့ လေ့လာ သူတွေက သုံးသပ်ကြပါတယ်။

ရုရှားနိုင်ငံရဲ့ ယခင် လုပ်ဆောင်ချက်တွေကြောင့် ဥရောပနိုင်ငံ အတော်များများက စစ်ရေးပြင်ဆင် မှုတွေ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

ကိုးကား – Kyiv Post
Ref; Putin Threatens Europe Over Possible Troop Deployment in Ukraine