ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ နိုင်ငံခြားအလံလွှင့် ကုန်တင် သင်္ဘောတစ်စီးပေါ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး သေဆုံးခဲ့တယ်လို့ တရုတ် နိုင်ငံပိုင်ရုပ်သံဌာန (CCTV) က ဖော်ပြပါတယ်။
သင်္ဘောပေါ်မှာ လိုက်ပါလာသူ စုစုပေါင်း ၄၂ ဦးရှိတဲ့အနက် ၁၇ ဦးကို အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲက ၅ ဦးမှာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကာ စိုးရိမ်စရာ အခြေအနေမဟုတ်ဘူးလို့ သိရပါ တယ်။
အဆိုပါသင်္ဘောဟာ ကျင်းတောင်မြို့ရှိ သင်္ဘောကျင်းတစ်ခုမှာ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်နေ စဉ် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၃ နာရီကျော်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

အဆိုပါသင်္ဘောဟာ လိုက်ဘေးရီးယားအလံလွှင့် အလျား မီတာ ၁၉၀ (၆၂၃ ပေ) ရှိတဲ့ Ocean Melody အမည်ရှိ ကုန်တင်သင်္ဘောဖြစ်ပြီး ဩဂုတ် ၃၁ ရက်မှာ ကျင်းတောင်မြို့ကို ရောက်ရှိနေတာလို့ သင်္ဘောသွားလာမှု စောင့်ကြည့်ရေးဝက်ဘ်ဆိုက် MarineTraffic က ဆိုပါတယ်။
ကျင်းတောင်မြို့ဟာ တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ရေး ဗဟိုချက်မတစ်ခုဖြစ်သလို ကမ္ဘာပေါ် မှာ အလုပ်အများဆုံး ဆိပ်ကမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ သင်္ဘောပေါ်မှ မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတာကို တွေ့ရပေမယ့် ပေါက်ကွဲသံတော့ မကြားရဘူးလို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြော ပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပိတ်မိနေသူတွေကို အပြည့်အဝ ရှာဖွေ ကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့ ညွှန်ကြားထားပြီး ဝန်ကြီးချုပ် လီချန်းက နောက်ဆက်တွဲ ဘေးအန္တရာယ် တွေ မဖြစ်ပွားအောင် တားဆီးဖို့ တိုက်တွန်းထားပါတယ်။
ယခုမီးလောင်မှုဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဖူကျင့်ပြည်နယ်ရှိ သင်္ဘောကျင်းတစ်ခုမှာ ပေါက်ကွဲ မှုဖြစ်ပွားပြီး ကယ်ဆယ်ရေးလုပ်သားတစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တစ်လ နီးပါးအကြာမှာ ဖြစ်ပွားခဲ့တာပါ။
တရုတ် အာဏာပိုင်တွေက သေဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ နိုင်ငံတံ ဆိပ်အတိုင်း အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
သင်္ဘောကျင်းအတွင်း လုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာမှု ရှိမရှိကိုလည်း အာဏာပိုင် တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။
ဆိပ်ကမ်း တာဝန်ရှိသူတွေက အခြားဆိုက်ကပ်ထားတဲ့ သင်္ဘောတွေအတွက် ဘေးကင်းလုံခြုံရေး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ကိုးကား – BBC
Ref; Twenty-five dead after fire on cargo ship in eastern China