ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

လာမယ့် နိုဝင်ဘာလ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်နှစ် ရပ်လုံးကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့ရင် အရွယ်ရောက်ပြီး အမေရိကန်ပြည်သူတိုင်းကို ဒေါ်လာ ၅,၀၀၀ စီ ထောက်ပံ့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၉ ရက်နေ့မှာ ကတိပြုလိုက်ပါတယ်။

ဒဲလက်စ်မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ ရွေးကောက်ပွဲဆိုင်ရာ ညီလာခံမှာ ဒေါ်နယ်ထ ရမ့်က ယခုလို ပေါ်ပေါ်ထင်ထင် မဲဆွယ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ စီးပွားရေး တောင့်တင်းခိုင်မာမှုနဲ့ အောင်မြင်မှုတွေကြောင့် အောက်လွှတ်တော်ရော အထက်လွှတ်တော်ပါ အနိုင်ရခဲ့ရင် အမေရိကန်နိုင်ငံသား အရွယ်ရောက်ပြီးသူတိုင်းကို ဒေါ်လာ ၅,၀၀၀ စီ အမြတ်ဝေစု ခွဲပေးမယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီး စည်းကမ်းချက် တစ်ခုတော့ ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အဲဒါကတော့ ထောက်ပံ့ကြေးအဖြစ် ရရှိတဲ့ ဒေါ်လာ ၅,၀၀၀ ကို အမေရိကန်ပြည်တွင်းမှာပဲ ပြန်သုံးစွဲရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီလို ပေးအပ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ လက်ရှိအ ချိန်ထိ ထုတ်ပြန်ပေးတာမျိုး မရှိသေးပါဘူး။

ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ဟာ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်မှုတွေကြားမှာ လူပြောများလှုပ်ခတ်သွားခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာ သက်တမ်းဝက် ရွေးကောက်ပွဲဟာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်နှစ်ပါတီ လုံး အတွက် အဓိက အရေးပါနေတာပါ။

ရီပတ်ဘလစ်ကန် ပါတီအနေနဲ့ လွှတ်တော် အများစုနေရာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ရုန်းကန်နေရချိန်လည်း ဖြစ်ပါတယ်။

စီးပွားရေး ပညာရှင်တွေကတော့ ဒီလို ပမာဏအမြောက်အမြား ထောက်ပံ့ပေးဖို့ ကိစ္စဟာ လက် တွေ့မှာ လွယ်ကူမှာ မဟုတ်ဘူးလို့ သုံးသပ်နေပါတယ်။

ဒါ့အပြင် လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့လည်း လိုအပ်မှာ ဖြစ်တာကြောင့် အခြေအတင် ဆွေးနွေးစရာတွေ ဖြစ်လာနိုင်ပါတယ်။

အမေရိကန်ပြည်သူတွေက လာမည့် သက်တမ်းဝက်ရွေးကောက်ပွဲ ရလဒ်နဲ့အတူ ဒီကတိကဝတ် အကောင်အထည် ပေါ်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

ကိုးကား – Reuters
Ref; Trump promises $5,000 payout to US adults if Republicans win midterm elections