ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ထိုင်ဝမ်ရေလက်ကြားတွင် စစ်ပွဲ သို့မဟုတ် ပဋိပက္ခ ဖြစ်ပွားပါက ဒုတိယ ကမ္ဘာစစ်ထက် ကမ္ဘာ့စီး ပွားရေးအပေါ် သက်ရောက်မှု ပိုမို ကြီးမားနိုင်တယ်လို့ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရေမွန်ဂ ရင်းက ပြောလိုက်ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့က တိုင်ပေမြို့မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေး ဆွေးနွေးပွဲမှာ အမေရိကန်အ စိုးရ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူ ဂရင်းက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး ထိန်းသိမ်းမှုထက် ပိုမို အရေးကြီးတဲ့ ကိစ္စရပ်မရှိဘူးလို့ ဆိုပါတယ်။
ထိုင်ဝမ်ရေလက်ကြား စစ်ပွဲဟာ လူပေါင်းများစွာ သေကြေပျက်စီးနိုင်သလို ကမ္ဘာ့စီးပွားရေး ထိ ခိုက်မှုကိုလည်း ဆိုးရွားစွာ ဖြစ်ပေါ်စေမယ်လို့ ၎င်းက သတိပေးပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အာရှ-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကို ထိပ်တန်း ဦးစားပေး လုပ်ဆောင်ချက်တွေထဲ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေပြီး အထူးသဖြင့် လာမယ့် အမေရိကန်-တရုတ် ထိပ်သီး ဆွေးနွေးပွဲဟာ အရေးကြီးတယ်လို့ ၎င်းက ပြောပါတယ်။
လာမယ့် အမေရိကန်-တရုတ် ထိပ်သီး ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြား စကားလွဲမှားမှုတွေနဲ့ မှားယွင်းမှုတွေကို ရှောင်ရှားနိုင်ဖို့ ကြိုးပမ်းမယ်လို့ ဂရင်းက ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လာမယ့် စက်တင်ဘာလကုန်မှာ အမေရိကန်နိုင်ငံသို့ သွားရောက် ပြီး ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
အမေရိကန်အစိုးရအနေနဲ့ အာရှ-ပစိဖိတ် ဒေသအတွင်း အင်အားစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ မ ဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်အနေနဲ့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မြှင့်တင်ရေး လုပ်ဆောင်ချက်တွေကို အမေရိ ကန်က ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ သူက ပြောပါတယ်။
တရုတ်က စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ပိုပြုလုပ်လာလို့ ထိုင်ဝမ်အစိုးရဟာ စစ်စရိတ် တိုးမြှင့် ရေးနဲ့ စစ်တပ်ခေတ်မီရေးကို ဦးစားပေး လုပ်ဆောင်နေပါတယ်။
ထိုင်ဝမ်အစိုးရဟာ ၂၀၂၇ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်ကို ထိုင်ဝမ်ဒေါ်လာ ၁ ထရီလီယံကျော်အ ထိ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တိုးမြှင့်ထားပါတယ်။
ကိုးကား – Reuters
Ref; Conflict over Taiwan would be disastrous, de facto US ambassador says