ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

 

ဖိလစ်ပိုင်နိုင်ငံ၊ ပလာဝမ်ပြည်နယ်ရှိ ကမ္ဘာ့လှည့်ခရီးသွား ရေပန်းစားရာ ဒေသအနီးမှာ ခရီးသည် တင်သင်္ဘောတစ်စီး မီးလောင်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၈၇ ဦး ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင် ကမ်းခြေ စောင့်တပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

M/V June Aster အမျိုးအစား အဆိုပါသင်္ဘောဟာ စက်တင်ဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ကမ်း လွန်မှ ၂ ဒဿမ ၂ ကီလိုမီတာခန့်အကွာမှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်း တွေကို ကမ်းပေါ် ပြန်လည်သယ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က လူမှုကွန်ရက် Facebook မှာ မျှဝေထားတဲ့ ဗီဒီယိုမှတ်တမ်း တွေထဲမှာ သင်္ဘောတစ်စီးလုံး မီးတောက်မီးလျှံတွေ ဖုံးလွှမ်းနေတာကို မြင်တွေ့ရပါတယ်။

 

လက်ရှိအချိန်ထိ ကယ်ဆယ်နိုင်ခဲ့သူ ၄၂ ဦးနဲ့ သေဆုံးသူ စာရင်းတွေအရ အစအနမရသေးဘဲ ပျောက်ဆုံးနေသူ ၈၇ ဦးရှိနေသေးတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိ နိုးမီကာယာဗယတ်က ပြောပါ တယ်။

သင်္ဘောပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း စာရင်းအရ စုစုပေါင်း ၁၃၄ ဦး လိုက်ပါလာတာဖြစ်ကြောင်း ၎င်းက အတည်ပြုထားပါတယ်။

 

ယခုထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ လက်ရှိရရှိထားတဲ့ အချက်အလက်တွေ ဖြစ်တာကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် အပြောင်းအလဲ ရှိနိုင်သေးတယ်လို့ သူက ဆို ပါတယ်။

 

ကယ်ဆယ်နိုင်ခဲ့သူ ၄၂ ဦးထဲမှာ ခရီးသည် ၃၈ ဦးနဲ့ သင်္ဘောအမှုထမ်း ၄ ဦး ပါဝင်နေတာကို တွေ့ ရပါတယ်။

 

ကယ်ဆယ်နိုင်ခဲ့သူတွေကို တိုက်ရိုက် မေးမြန်းခွင့် မရသေးတာကြောင့် သင်္ဘောပေါ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

 

သင်္ဘောပေါ်က မီးကို အပြီးတိုင် ငြှိမ်းသတ်နိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့တွေက ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

 

ရေကြောင်းသွားလာမှု စောင့်ကြည့်တဲ့ MarineTraffic ရဲ့ အချက်အလက်တွေအရ အဆိုပါ M/V June Aster သင်္ဘောဟာ မနီလာမြို့မှ ထွက်ခွာလာတာဖြစ်ကြောင်း သိရပါတယ်။

 

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ရှာဖွေရေးလုပ်ငန်း တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

 

ကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ရေကြောင်းခရီးစဉ် မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

 

ကိုးကား – AFP
Ref; At least five killed, 87 missing after ferry fire in Philippines