ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်
အွန်လိုင်းစနစ်ဖြင့်ပြုလုပ်ခဲ့သည့် Ayeyarwaddy Federal School ကျောင်းဖွင့်ပွဲအား ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အွန်လိုင်းမှ တက်ရောက်ခဲ့တယ်လို့ AFS က သတင်းထုတ်ပြန်ထားပါတယ်။
အခမ်းအနားအား G 3 ကျောင်းသားလေးတစ်ဦးမှ သွေးသစ္စာသီချင်းဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နွေဦး ဆရာအတတ်သင် တက္ကသိုလ် အဓိပတိ ဆရာကြီး ဒေါက်တာ သိန်းလွင်၊ CRAH မှ ကိုယ်စားလှယ်၊ NUCC ကောင်စီဝင် ကိုနန္ဒာစစ်အောင်၊ ပြည်သူ့တပ်တော် သီချင်းရေးသားသူ သားနတ်သျှင်နောင်၊ ရုပ်ရှင်နှင့် အဆိုတော် မချစ်သုဝေ(မထရီဇာ) ၊ ကိုဇင်ဇေတို့ အပါအဝင် တက်ရောက်သူ ၂၀၀၀ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။