ဒီးမော့ဆိုမြို့နယ် ဆီးလီဒုန်းကျေးရွာမှာ အသတ်ခံရပြီး မြေမြှုပ်ထားတဲ့ အရပ်သား ၂ ဦး အလောင်းများ တူးဖော်တွေ့ရှိ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဆီးလီဒုန်းကျေးရွာမှာ စစ်ကောင်စီတပ်များ ရက်စက်စွာသတ်ဖြတ်ပြီး မြေမြှုပ်ထားတဲ့ အရပ်သား ၂ ဦး အလောင်းများကို KNDF က တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာစဥ် KNDF တပ်ရင်းအမှတ်၆ နဲ့ တိုက်ပွဲ ၁နာရီ မိနစ် ၃၀ ကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ အထိနာတာကြောင့် အဆိုပါရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တာလို့ KNDF ရဲဘော်အချို့က ဆိုပါတယ်။

ပြန်လည်တူးဖော်တွေ့ရှိချက်အတိုင်း ပြောရရင် လူမဆန်စွာ နှိပ်စက်ပြီး သတ်ဖြတ်တဲ့ လက္ခဏာတွေတွေ့ရှိရတယ်လို့ KNDF ရဲဘော်အချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – ပေးပို့

#Ayeyarwaddy_Times