
မလေးရှားက ၇၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ထုတ်ဖော်ပြောမယ်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်
စက်တင်ဘာလ ၁၉ ရက်မှ ၂၆ ရက်အထိပြုလုပ်မယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ မလေးရှားနိုင်ငံက မြန်မာပြည်သူတွေရဲ့ တစ်သားတည်းရပ်တည်ကြောင်း ထုတ်ဖော်ပြောမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ယနေ့ သူ့ရဲ့ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။
မလေးရှားနိုင်ငံက စက်တင်ဘာလ ၁၉ ရက်မှာ NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီး၊ CRPH ဥက္ကဌ၊ NUCC ကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂဆိုင်ရာ NUG အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့နဲ့ တွေ့ဆုံမယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သီးသန့်အစည်းအဝေးတွေထဲမှာ စက်တင်ဘာလ ၁၉ ရက်မှာ အီးယူ နိုင်ငံခြားရေး အဆင့်မြင့်ကိုယ်စားလှယ်နဲ့ အစည်းအဝေး၊ စက်တင်ဘာလ ၂၀ ရက်မှာ OIC ကိုယ်စားလှယ်နဲ့ အစည်းအဝေး၊ စက်တင်ဘာလ ၂၂ ရက်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးတွေလည်း ပါ ဝင်ပါတယ်။
“မလေးရှားနိုင်ငံက မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေတင်ပြတဲ့ မြန်မာပြည်မှာ အမှန်တစ်ကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နားထောင်ပြီး မလေးရှားနိုင်ငံက ဘယ်လို ကူညီနိုင်မလဲဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ပါဝင်တဲ့ အထူးလုပ်ငန်းအဖွဲ့ရဲ့ လက်ရှိ လူသားချင်းစာနာမှု အကူအညီပေးအပ် မှုကို ပြန်လည်သုံးသပ်ဖို့ မလေးရှားနိုင်ငံက အာဆီယံနိုင်ငံတွေကို အဆိုပြုမယ်လို့ ၄င်းက ဆိုပါတယ်။
လာမည့် နိုဝင်ဘာလအတွင်းပြုလုပ်မယ့် အာဆီယံ ထိပ်သးဆွေးနွေးပွဲမှာ အာဆီယံ ဘုံသဘောတူညီ ချက်ကို အစားထိုးဖို့လည်း မလေးရှားနိုင်ငံက အဆိုပြုမယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။
ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခနဲ့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနိုင်ငံရှိ ကလေးငယ်တွေရဲ့ ပညာရေးအစီအစဉ်အ တွက် ရန်ပုံငွေလိုအပ်ချက်ကို မလေးရှားနိုင်ငံက တင်ပြမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Bernama
Ref; Malaysia to express solidarity with the people of Myanmar at 77th UNGA