ရွေဘိုမြို့နယ်အတွင်းကရွာတွေကို စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်လို့ သံဃာ ၂ ပါး ကျည်ထိမှန်

အိဏ်လင်းအိမ် / ဧရာဝတီတိုင်းမ်

(ရွှေဘို) ၊ စက်တင်ဘာလ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ညောင်ပင်သာရွာနှင့် ဘိုတဲကုန်းကျေးရွာကို စက်တင်ဘာလ ၁၆ ရက် ယမန်နေ့ ညနေ ၅နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်အင်အား ၃၀ ခန့်က စစ်ကြောင်းထိုးပစ်ခတ်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ညောင်ပင်သာရွာမှ သံဃာ ၂ ပါး သေနတ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၁ ပါးမှာ ရင်ဘတ်ကို ကျည်ထိမှန်ကာစိုးရိမ်ရသည့် အခြေ အနေတွင်ရှိကြောင်း သိရသည်။

“မနေ့ညက စခတွေက အင်အား၃၀လောက်နဲ့ ဝင်ပြီး ရမ်းသမ်းပစ်တာ၊ညောင်ပင်သာနဲ့ဘိုတဲကုန်းရွာမှာက အိမ်ခြေ ထောင်ကျော်ရှိတယ်။ သံဃာနှစ်ပါး ကျည်ထိတယ်၊တစ်ပါးက ပေါင်ကို ထိတာ မစိုးရိမ်ရဘူး ။တစ်ပါးက ရင်ဘတ်ကို ထိတာ စိုးရိမ်ရတယ်” ဟု Shwe Bo LPDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့မနက်ပိုင်းတွင် အဆိုပါရွာမှ ဒေသခံများကို ဘေးလွတ်ဒေသများသို့ ရွှေ့ပြောင်းပေးထားနိုင်ပြီးဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ထို့အပြင် ယမန်နေ့ တရက်ထဲမှာပင် စစ်ကောင်စီတပ်က ရွေဘို ၊ ဒီပဲယင်း နှင် တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပစ်ခတ်မှုများရှိခဲ့ပြီး ဒေသခံများထိခိုက် သေဆုံးမှုများရှိကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

#Ayeyarwaddy_Times