မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ငွေကြေး ထောက်ပံ့တာတွေ ဖြတ်တောက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂ တောင်းဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကြောင့် မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူဖို့နဲ့ ငွေကြေးထောက်ပံ့တာတွေ ဖြတ်တောက်ဖို့ အချက် အလက်ရှာဖွေရေးမစ်ရှင်က အကြံပြုခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကျွန်တော်တို့ရုံးက မြန်မာနိုင်ငံဆိုင်ရာ အစီ ရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဂျရီမီးလောရင့်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားပါတယ်။

အစီရင်ခံစာအရ မြန်မာစစ်တပ်နဲ့ အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ ပြု လုပ်ဖို့နဲ့ လက်နက်တင်ပို့မှုဖြတ်တောက်ဖို့ အချက်အလက်ရှာဖွေရေးမစ်ရှင်က အကြံပြုပါတယ်လို့ သူက ဆိုပါ တယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက မှတ် တမ်းတင်ဖို့နဲ့ တုံ့ပြန်ဖို့က ငွေကြေးအပါအဝင် ဘက်စုံပါဝင်တဲ့ပံ့ပိုးမှု လိုအပ်တယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ တွေက အစီရင်ခံစာအတွင်း ပြောပါတယ်။

မြန်မာပြည်သူကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ မတူကွဲပြားမှုတွေကို အဆုံးသတ်ကြ ဖို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူမှုမရှိတာနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ နေ့စဉ်နဲ့အမျှ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေကြောင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ အကူအညီ လိုအပ်နေပါတယ်လို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာ တင်ပြသူ မေရီလော်လာက

ပြောပါတယ်။

ကိုးကား – Anadolu

Ref; UN calls on international community to cut Myanmar army’s funds