
ခင်ဦးမြို့ မြို့တော်ခန်းမအနီး ပြုလုပ်နေသည့် ပျူစောထီးသင်တန်းကို PDF များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဧရာဝတီတိုင်းမ်
(ခင်ဦး)၊ စက်တင်ဘာလ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရှိ မြို့တော်ခန်းမအနီး စစ်ကောင်စီမှ ပျူစောထီများအား သင်တန်းပေးနေစဥ်
PDF တပ်ဖွဲ့များက ယမန်နေ့က ကောင်းကင်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၁၆ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်၌ စစ်ကောင်စီတပ်မှ သင်တန်းပေးနေသော ပျူစောထီးများရှိရာ ခင်ဦးမြို့ မြို့တော်ခန်းမအနီးတစ်ဝိုက်ကို Armed Revolutionary Focce (ARF-KU) တပ်ဖွဲ့ ၊ Future Hero တပ်ဖွဲ့ နှင့် Thunderstom (လျှပ်စီးမိုးကြိုး)တပ်ဖွဲ့ စသည့် မဟာမိတ်တော်လှန်ရေးအင်အားစု ၃ ခုမှ ပူးပေါင်း၍ ဒရုန်းဖြင့်ဗုံးကြဲ
တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိ၍ မြေပြင်၌ ပေါက်ကွဲမှုဖြစ်ပေါ်ပြီး အချိန်အနည်းငယ်အကြာအထိ
မြို့တော်ခန်းမအနီး သင်တန်းပေးရာနေရာမှ သေနတ်သံများ အဆက်မပြတ် ကြားရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ထို့သို့တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က ၎င်းတို့ပြုလုပ်နေသည့် ပျူစောထီး သင်တန်းကိုလည်း ရပ်နားလိုက်ကြောင်း ARF-Khin Uတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
#AyeyarwaddyTimes #ခင်ဦး #ဒရုန်း