ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်၏ ရေယာဉ်အုပ်စု တိုက်ခိုက်ခံရခြင်းနှင့် သင်္ဘောများ ဆိုက်ကပ်နေသည့်နေရာတွင် ဗုံးကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် စစ်တပ်ဘက်မှ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ရွှေကူမြို့အထက်ဘက်သို့ ဆန်တက်လာသည့် စစ်တပ်၏ သင်္ဘော သုံး စင်းအနက် တစ် စင်းသည် အောက်ဆွဲတွင် တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးခဲ့ကာ စစ်တပ်တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ခြေလျင်တပ်ရင်းမှ သေဆုံးသူဗိုလ်မှူးတစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို တပ်ကူရောက်ရှိလာသည့် Mi-35 ရဟတ်ယာဉ်က သယ်ဆောင်သွားပြီး ယနေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် ရွှေကူမြို့ရှိ ဒဏ်ရာရရှိသူများနှင့် အလောင်းများကို Mi-17 ရဟတ်ယာဉ် အပါအဝင် ရဟတ်ယာဉ် နှစ်စင်းဖြင့် ထပ်မံသယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ စစ်တပ်ဘက်မှ ဂျက်လေယာဉ်များ အသုံးပြု၍ ဆင့်ပွားပေါက်ကွဲတတ်သော ကလပ် စတာဗုံးများ ကြဲချမှုများ ရှိနေသည့်အတွက် ကချင်ဒေသအတွင်း လေကြောင်းအန္တရာယ် သတိပြုကြရန် ဒေသတွင်းသတင်းရင်းမြစ်များမှ သတိပေးထားသည်။
ပုံစာ-စစ်တပ်ရေယာဉ်များကို တွေ့ရစဉ်၊