ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် Chinland FC ဘောလုံးအသင်းမှ ကစားသမား Pa Lung ကို အဓမ္မဖမ်းဆီးစစ်သားစုဆောင်းခံခဲ့ရသည့်အတွက် ပျောက်ဆုံးနေရာမှ ပြည်လည်ရှာရဖွေတွေ့ရှိသည့်အခါ မိခင်ဖြစ်သူကျန်းမာရေးကြောင့်အရေးပေါ်ပြန်သွားရခြင်းဖြစ်ကြောင်း Chinland FC က ယနေ့ထုတ်ပြန်သည်။
Pa Lung ဘောလုံးကစားသမား၏ မိခင်ဖြစ်သူကျန်းမာရေးအထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံအကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်ကိုအရေးပေါ်ပြန်သွားရကာ လမ်းခရီး၌ ဆက်သွယ်ရေး အခက်ခဲနှင့်ဖုန်းအားကုန်သွားခြင်းကြောင့် အသင်းနှင့်အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း လိမ်လည်ထုတ်ပြန်လာခြင်းဖြစ်သည်။
“နိုင်ငံကျာ်သွားလို့ ပြန်တွေ့တာပါ။ ဒီဖြစ်စဉ်ကအဓမ္မဖမ်းပြီးစစ်သားစုဆောင်းတဲ့အထဲ ရောင်းစားဖို့လုပ်တဲ့ဖြစ်စဉ်ဆိုတာ စစ်တပ်ထောက်ခံသူအချို့ကပါ ပြောနေတဲ့ဖြစ်စဉ်ပါ။ ဘောလုံးသမားလူငယ်လို အဖမ်းခံရပြီး စစ်ထဲရောင်းစားခံရတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံမှာနေ့တိုင်းဖြစ်နေတာ” ဟု စစ်မှုထမ်းအရေးလေ့လာသူတစ်ဦးက ပြောသည်။

ထို့ပြင် Pa Lung ကို ဘေးကင်းစွာပြန်လည်တွေ့ရှိနိုင်ရေးအတွက်နည်းလမ်းပေါင်းစုံဖြင့်ကူညီပေးကြသူ တစ်ဦးချင်းစီမှအားလုံးကိုအထူးကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်
“ဒါကရှင်းရှင်းလေးပဲ။ ကြည့်ကောင်းအောင်ထုတ်တာ။ ရဲဖမ်းခံရတာမဟုတ်ရင် စစ်မှုထမ်းဖို့ လူမိုက်တွေဖမ်းခေါ်သွားတာပဲဖြစ်ရမယ်။ ပြီးခဲ့တဲ့လကပဲ တာမွေမှာကားမှတ်တိုင်မှာ လူတစ်ယောက်ကို ရဲတွေ ကားပေါ်ဆိုပြီးခေါ်သွားတယ်။ ကားက အိမ်စီးကားနဲ့ ရဲစခန်းကိုခေါ်သွားတာ။ နောက်ပြန်လွှတ်ပေးလိုက်တယ်။ မိခင်ကျန်းမာရေးဆိုတာ ကြည့်ကောင်းအောင်ပြောတာပေါ့။ နယ်တွေမှာပိုဆိုးသေး ဘယ်အဖွဲ့ဆီလိုက်ရမလဲမသိနဲ့ ” ဟု တာမွေမြို့နယ်နေထိုင်သူတစ်ဦးက ပြောကြားသည်။
Chinland FC ဘောလုံးအသင်းမှ ကျောနံပါတ် ၅ ဝတ်ဆင်သူ Pa Lung သည် ပြီးခဲ့သည့်စနေနေ့တွင် ဖူဆယ်ပွဲကြည့်ပြီးလိုင်းကားဖြင့်ပြန်လာပြီး ဒဂုံမြို့သစ်( မြောက်ပိုင်း)ရှိ ၇/၈ လမ်းဆုံကားမှတ်တိုင်၌ဆင်းကာ ယင်းမှတဆင့် တက္ကစီဖြင့်အဆောင်သို့ပြန်နေရင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ဓာတ်ပုံ – Chinland