ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်
အီကွေဒေါနိုင်ငံရဲ့ အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ လာဘ်ပေး လာဘ်ယူမှုမှာ သမ္မတဟောင်း လီနင်မိုရီနို အပြစ်ရှိကြောင်း တရားရုံးက သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါ တယ်။
အသက် ၇၃ နှစ်အရွယ် မိုရီနိုဟာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရရုံတင်မက နောက်နောင်မှာ နိုင်ငံ့ ဝန်ထမ်း ရာထူးတွေ ထမ်းဆောင်ခွင့်ကိုပါ ရာသက်ပန် ပိတ်ပင်ခံရပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုကို အစိုးရရှေ့နေရုံးက ၂၀၂၃ ခုနှစ် မတ်လမှာ စတင်ခဲ့ပြီး မိုရီနိုနဲ့ သူ့မိသားစု၊ ဒေ သတွင်းနဲ့ တရုတ် စီးပွားရေးလက်တွဲဖော်တွေကို အဂတိလိုက်စားမှု ကွန်ရက်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အရေးယူခဲ့တာ ဖြစ်ပါတယ်။
“လီနင်မိုရီနိုရဲ့ လုပ်ရပ်တွေဟာ တရားလိုဘက်က စွဲဆိုထားတဲ့ နိုင်ငံ့ဝန်ထမ်းတစ်ဦးရဲ့ လာဘ်ပေး လာဘ်ယူမှုဆိုင်ရာ ပြစ်မှုနဲ့ ကိုက်ညီနေပါတယ်” လို့ တရားသူကြီး မနူအယ်လ်ကာဘရီရာက ပြောပါ တယ်။
ဒီအမှုမှာ မိုရီနိုရဲ့ဇနီး၊ သမီး၊ ညီအစ်ကို နှစ်ဦးနဲ့ မရီးတို့လည်း အပြစ်ရှိကြောင်း တွေ့ရှိရတာကြောင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခံခဲ့ရသလို တရုတ်သံအမတ်ဟောင်းလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရ ပါတယ်။
တရုတ် ဆောက်လုပ်ရေးကုမ္ပဏီ Sinohydro ဟာ ၂၀၀၉ ကနေ ၂၀၁၈ အထိ မမှန်မကန် အကြံ ပေးစာချုပ်တွေမှတစ်ဆင့် ဒေါ်လာ ၇၆ သန်းကျော် လာဘ်ထိုးခဲ့တာလို့ အစိုးရရှေ့နေရုံးက ဆိုပါတယ်။
ဒီငွေတွေကို ပင်လယ်ရပ်ခြား ဘဏ်အကောင့်တွေနဲ့ ကုမ္ပဏီတွေမှတစ်ဆင့် မိုရီနိုရဲ့ မိသားစုနဲ့ စီး ပွားရေး အပေါင်းအပါတွေထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
မိုရီနိုနဲ့ သူ့ရဲ့ ဆွေမျိုးတွေဟာ ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဒုတိယသမ္မတအဖြစ် တာဝန်ယူစဉ် ဒေါ်လာ ၁ သန်းကျော် လက်ခံရရှိခဲ့တယ်လို့လည်း တရားလိုဘက်က ဆိုပါတယ်။
မိုရီနိုကတော့ စီမံကိန်း စာချုပ်ချုပ်ဆိုတာတွေမှာ သူ လုံးဝ ပါဝင်ခဲ့ခြင်းမရှိကြောင်းနဲ့ ဒီစွပ်စွဲချက် တွေကို ငြင်းဆိုခဲ့ပါတယ်။
“စာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့သူတွေကိုပဲ သွားရှာပါ၊ ရှာရမယ့်နေရာ လွဲနေပါတယ်” လို့ တရား ခွင် ကြားနာမှုမှာ မိုရီနိုက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ မိုရီနိုဟာ ဒီအမှုကို ရင်ဆိုင်ဖို့အတွက် ပါရာဂွေးနိုင်ငံကနေ အီကွေဒေါသို့ ပြန်လာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Ecuador finds ex-President Moreno guilty in hydro plant bribery case