ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံမှ ရေနံအမြောက်အမြားကို ထိန်းချုပ်ခွင့်ရ ရှိမယ့် ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီလို့ သောကြာနေ့မှာ ပြောကြားခဲ့ ပါတယ်။
ဒီသဘောတူညီချက်အရ ဗင်နီဇွဲလားနိုင်ငံမှ ရေနံစည်ပေါင်း ၆၅ ဘီလီယံကို အမေရိကန်က ထိန်း ချုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
အဆိုပါ သဘောတူညီချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန် ကြီး ပိတ်ဟက်ဂ်ဆက်သ်နဲ့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီရိုဒရီဂွတ်ဇ်တို့ကြား သဘောတူခဲ့တာလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ရေနံသဘောတူညီချက်ကို ဗင်နီဇွဲ လားနိုင်ငံနဲ့ ရရှိခဲ့ပြီ ဖြစ်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒီသဘောတူညီချက်ကြောင့် အမေရိကန် ရေနံကုမ္ပဏီတွေအနေနဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ပြန်လည် လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။
ယခုလို သဘောတူညီချက်ဟာ ဗင်နီဇွဲလားနိုင်ငံတွင်း စစ်ရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ် ပေါ်ခဲ့ပြီးနောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ ရေနံအများဆုံးထွက်ရှိရာ နိုင်ငံတစ်ခုဖြစ်ပြီး ယခု သဘောတူညီ ချက်ဟာ ကမ္ဘာ့ရေနံဈေးကွက်နဲ့ စွမ်းအင်ကဏ္ဍအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာစေမှာပါ။
ဒီသဘောတူညီချက်ကြောင့် နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ အရှိန်မြင့်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလားရဲ့ စွမ်းအင်ကဏ္ဍ ပြန်လည်ထူထောင်ရေးနဲ့ ထုတ်လုပ်မှုအ ပိုင်းတွေမှာ တိုက်ရိုက် ပါဝင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒါဟာ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ရဲ့ စွမ်းအင်ဆိုင်ရာ မဟာဗျူဟာမြောက် အောင်မြင်မှုတစ်ခုအ ဖြစ် အမေရိကန်က ရှုမြင်နေပါတယ်။
ကိုးကား – TOT
Ref: Trump says US to control 65 billion barrels of Venezuela oil