ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

တရုတ်နိုင်ငံရဲ့ စည်းကမ်းနဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ ဗဟိုစစ်ကော်မရှင် (CMC) မှ ထိပ်တန်းဗိုလ် ချုပ်ကြီးနှစ်ဦးကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သြဂုတ် ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရာထူးမှ ဖယ်ရှားခံရသူတွေမှာ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျောင်ယိုကျားနဲ့ ပူးတွဲစစ်ဦးစီး ဌာန စစ်ဦးစီးချုပ် လျူကျန်းလီတို့ ဖြစ်ပါတယ်။

မူလက အဖွဲ့ဝင် ၇ ဦးအထိ ရှိခဲ့တဲ့ အဆိုပါ စစ်ကော်မရှင်မှာ ယခုအခါ သမ္မတ ရှီကျင့်ဖျင် အပါအ ဝင် တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင် ၂ ဦးတည်းသာ ကျန်ရှိပါတော့တယ်။

ကျောင်ယိုကျားဟာ ရှီကျင့်ဖျင်ပြီးရင် ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ရုံမက ပေါ်လစ်ဗျူရို အဖွဲ့ ဝင်တစ်ဦးလည်းဖြစ်ပြီး လျူကျန်းလီက စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုတွေဟာ ရှီကျင့်ဖျင် ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စစ်တပ်အတွင်း လာဘ် ပေးလာဘ်ယူမှု တိုက်ဖျက်ရေး စီမံချက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရှီကျင့်ဖျင်က စစ်တပ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီရဲ့ သြဂုတ် ၂၈ ရက် ထုတ်ပြန်ချက်ဟာ နိုင်ငံ တော် ဗဟိုစစ်ကော်မရှင်မှ ၎င်းတို့ရဲ့ ရာထူးတွေကို ဖယ်ရှားတာဖြစ်ပါတယ်။

ဒါပေမဲ့ ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်မှ ၎င်းတို့ရဲ့ ရာထူးတွေကိုတော့ တရားဝင် ဖယ်ရှား ကြောင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တရုတ်လွှတ်တော်က ထုတ်ပြန်လိုက်တဲ့ ပြင်ဆင်ပြီးစာရင်းမှာ ကျောင်ယိုကျားနဲ့ လျူကျန်းလီ အ ပါအဝင် ကိုယ်စားလှယ် ၁၂ ဦးဟာ ကိုယ်စားလှယ်အဖြစ်မှ တရားဝင် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်စာရင်းမှ ပယ်ဖျက်ခံရသူတွေထဲမှာ အခြား စစ်ဘက်ဆိုင်ရာ ထိပ်တန်း ဗိုလ်ချုပ်ကြီးအချို့နဲ့ ဒုတိယမြို့တော်ဝန်အချို့ပါ ပါဝင်နေတာဖြစ်လို့ တရုတ်စစ်တပ်အတွင်း ပြု ပြင်ပြောင်းလဲမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေပါတယ်။

ကိုးကား – Reuters
Ref; China removes two top generals from supreme military command body