ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ တောမီးတွေ လောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲပါတယ်။
ကမ်းရိုးတန်း တလျှောက်မှာရှိတဲ့ ပြည်နယ်တော်တော်များများကို တောမီးတွေ ကူးစက်လောင် ကျွမ်းနေတာလို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်ဒဏ်ရာရသူ ၅၄ ဦးရှိပြီး အဲဒီအထဲက ၆ ဦးထက်မနည်းမှာ စိုးရိမ်ရတဲ့အခြေအနေကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဂျီဂျယ်လ်ပြည်နယ်မှာ ၅ ဦး၊ ဘီဂျာယာပြည်နယ်မှာ ၄ ဦးနဲ့ တီဇီအိုဇူးပြည်နယ်မှာ ၃ ဦး သေဆုံးခဲ့ တာလို့ ပြည်ထဲရေးဝန်ကြီးက ပြောပြပါတယ်။

ပြည်ထဲရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးတို့ဟာ မီးငြှိမ်းသတ်ရေးနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေး နေတာတွေကို ကိုယ်တိုင်ကြည့်ရှုဖို့ ဘီဂျာယာဒေသကို သွားရောက်ခဲ့ပါတယ်။
မီးခိုးငွေ့တွေ ထူထပ်စွာ ဖုံးလွှမ်းလာလို့ ဒေသခံအများအပြားဟာ စာတိုက်အတွင်းထဲမှာ ဝင် ရောက်ပုန်းအောင်းခဲ့ကြရပါတယ်။
အာဏာပိုင်တွေက ဘီဂျာယာနဲ့ ဂျီဂျယ်လ်မြို့တွေက အိမ်ထောင်စု အမြောက်အမြားကို ဘေး လွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းပေးထားပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်ကျွမ်းရာ ၆၉ နေရာကို အပြင်း အထန် ငြှိမ်းသတ်နေကြပါတယ်။
ဒီလို တောမီးဆိုးဆိုးရွားရွား လောင်ကျွမ်းတာဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ မြောက်အာဖရိကဒေ သမှာ အပူလှိုင်း ကျရောက်နေတာကြောင့် ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံမှာ နွေရာသီ တောမီးလောင်တာ ပုံမှန်ဖြစ်လေ့ရှိပေမဲ့ အခုနှစ်ပိုင်းတွေမှာ အပူချိန်လွန်ကဲပြီး ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။
ကိုးကား – BBC
Ref; At least 12 dead as wildfires sweep through northern Algeria