ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၇ ရက်

 

နီပေါနဲ့ တရုတ်နယ်စပ်မှာ ဗုဒ္ဓဟူးနေ့က ရုတ်တရက် ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့လို့ လူ ၁၆၀ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အလုပ်သမားတွေ အပါအဝင် ရာနဲ့ချီတဲ့ လူတွေ ပျောက်ဆုံးကာလမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်သွားပါတယ်။

 

နီပေါရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နီပေါမှာ သေဆုံးသူ ၁၅၇ ဦးရှိပြီး တရုတ်နိုင်ငံ တိဘက်ဒေသ မှာ လူ ၃ ဦး သေဆုံးပြီး ၂၆၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

နီပေါနိုင်ငံ၊ နူဝါကော့ခရိုင်ထဲမှာ ရွှံ့ရေတွေရဲ့ ဒဏ်ကြောင့် အဆောက်အအုံတွေရဲ့ ဒုတိယထပ်အ ထိ ရွှံ့နွံတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။ မီးကြိုးတွေ၊ သစ်ပင်တွေမှာ သစ်ဆွဲစရာတွေ တွဲလောင်းခိုကျန်ခဲ့ပြီး ကားတွေလည်း မြှုပ်ကုန်သလို ဒေသခံတွေလည်း ရုတ်တရက်မို့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ကြရပါတယ်။

 

ပျောက်ဆုံးနေသူ စုစုပေါင်း ၄၀၃ ဦးရှိပြီး အဲဒီထဲမှာ နိုင်ငံခြားသား ၃၄၁ ဦး ပါဝင်ပါတယ်။ အိန္ဒိယ၊ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က ဘုရားဖူးနဲ့ ခရီးသွားတွေ ပျောက်ဆုံးနေသလို နီ ပေါရဲဝန်ထမ်း ၂၈ ဦးထက်မနည်းလည်း အဆက်အသွယ် ပြတ်တောက်နေပါတယ်။

ရေဘေးကြောင့် တံတား ၁၉ စင်းနဲ့ လမ်း ကီလိုမီတာ ၄၀ နီးပါး ရေထဲပါသွားခဲ့သလို ရေအားလျှပ် စစ် စီမံကိန်းအချို့နဲ့ ကျေးရွာတွေလည်း ပျက်စီးသွားခဲ့လို့ နီပေါအစိုးရက အိန္ဒိယနဲ့ တရုတ်ကို ကယ်ဆယ် ရေးမှာ ကူညီဖို့ တောင်းဆိုထားပါတယ်။

 

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နီပေါနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေး အပ်ဖို့ ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့သလို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေကလည်း ကူညီဆောင်ရွက် ပေးဖို့ ထုတ်ပြန်ထားပါတယ်။

 

ရာသီဥတု ပညာရှင်တွေရဲ့ အဆိုအရ ဟိမဝန္တာတောင်တန်းဒေသ ပူနွေးလာမှုကြောင့် ရေခဲတောင် ရေခဲလွှာတွေ ပြိုကျပြီး ရေစီးကြောင်းကို ပိတ်ဆို့သွားကာ အခုလို ရုတ်တရက် ရေလျှံကျလာတာတွေ ဖြစ် နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

 

ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဟိမဝန္တာဒေသမှာရှိတဲ့ ရေခဲ တောင်တွေ အရည်ပျော်မှု မြန်ဆန်လာပြီး အခုလို ဆိုးရွားတဲ့ သဘာဝဘေးအန္တရာယ်တွေ ခဏခဏ ဖြစ် ပွားနေတာဖြစ်ပါတယ်။

 

ကိုးကား – The Asahi Shimbun
Ref; At least 160 killed and hundreds missing after flash floods in Nepal and China