ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်

ဘရာဇီးအာဏာပိုင်တွေဟာ ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အချက်အလက်တွေကို မလျော် မကန် ကိုင်တွယ်ခဲ့မှုအတွက် TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကို ဒေါ်လာ သန်း ၃၀ နီးပါး ဒဏ်ရိုက် လိုက်ပါတယ်။

TikTok ဟာ သုံးစွဲသူ အကောင့်ဝင်ထားသူတွေရော ကြည့်ရှုသူတွေထံမှပါ သင့်တော်တဲ့ ဥပဒေအ ထောက်အထားနဲ့ အကာအကွယ် မရှိဘဲ ကလေးတွေရဲ့ အချက်အလက်တွေကို ရယူခဲ့တာကြောင့် အချက် အလက် လုံခြုံရေးဥပဒေကို ချိုးဖောက်ခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။

TikTok ဟာ အသက်အတည်ပြုတဲ့ စနစ်အားနည်းတာကြောင့် အနည်းဆုံး ကလေး ၈ သန်းရဲ့ အ ချက်အလက်တွေကို ရယူခဲ့နိုင်ကြောင်း သုံးသပ်ထားပြီး ByteDance အနေနဲ့ ဒီဆုံးဖြတ်ချက်ကို နောက် ၁၀ ရက်အတွင်း အယူခံဝင်ခွင့် ရှိပါတယ်။

ဒီဆုံးဖြတ်ချက်အရ TikTok အနေနဲ့ တရားမဝင် စုဆောင်းထားတဲ့ အချက်အလက်အားလုံးကို ချက်ချင်း ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။

အကောင့်မဖွင့်ဘဲ ကြည့်လို့ရတဲ့ “logged-out feed” စနစ်ဟာ အသက်အတည်ပြုမှုကို ကျော်ခွင် ပြီး ကလေးတွေ အသုံးပြုနိုင်အောင် ဖြစ်စေတာကြောင့် လူငယ်တွေရဲ့ ကာကွယ်ရေးစနစ်ကို ပိုမိုကောင်း မွန်အောင် ပြုပြင်ဖို့လည်း ညွှန်ကြားထားပါတယ်။

အကောင့်မလိုဘဲ ကြည့်နိုင်တဲ့စနစ်ကို အမေရိကန်နှင့် ဥရောပတို့တွင် ပိတ်ပင်ထားပေမယ့် ဘရာ ဇီးနိုင်ငံတွင်မူ သုံးစွဲခွင့် ပေးထားဆဲလို့ သိရပါတယ်။

ပြီးခဲ့တဲ့လက Discord ဆော့ဖ်ဝဲလ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး စိန်ခေါ်မှုတွေကြောင့် အ သက်ဆုံးရှုံးခဲ့ရပြီးနောက် ဘရာဇီးအစိုးရက Discord ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုစနစ်ကို ဆိုင်းငံ့ခဲ့ပါတယ်။

ဘရာဇီးသမ္မတ လူလာဒါဆေးဗားရဲ့ အစိုးရနဲ့ တရားလွှတ်တော်ချုပ်တို့ဟာ ကလေးသူငယ်တွေရဲ့ အင်တာနက် အသုံးပြုမှုကို စည်းကမ်းတကျ ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံနည်းတူ ဩစတြေးလျ၊ ကနေဒါနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကလည်း နည်းပညာ ကုမ္ပဏီ တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။

ကိုးကား – AP
Ref; Brazil fines TikTok $30m for child data privacy violations