ကသာမြို့နယ်တွင်း မိုင်းဆွဲခံရမှာကြောက်လို့ ကမ်းပါးဘေးကပ်သွားတဲ့ စစ်ကောင်စီတပ်သားတွေ ကမ်းပါးပြိုကျလို့ ရေနစ်သေဆုံး

ဧရာဝတီတ်ိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ဘက်မှ မိုးတားတိုက်နယ် ဘက်ကို ဦးတည်ပြန်လာသည့် စစ်ကောင်စီတပ်သားတွေ ကမ်းပါးပြိုကျ၍

စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့တယ် ရေနစ်သေဆုံးခဲ့တယ် လို့ မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ကာကွယ်ရေးအဖွဲ့များ ထောင်ထားသည့် မိုင်းများကို ကွင်းသည့်အနေဖြင့် ကမ်းပါးယံအတိုင်း ချီတက်လာခဲ့ကြပြီး RPG ရဲ့ပစ်ခတ်မှုအရှိန်ကြောင့် ကမ်းပါးပြိုကျကာ စစ်ကောင်စီတပ်သားတွေ ရေနစ်သေဆုံးခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှာ ရုပ်အလောင်းတွေကို တွေ့ရှ်ိခဲ့တာ လို့ မိုးတာတိုက်နယ် PDF တပ်ဖွဲ့ဝင်တဦးကပြောသည်

“နင်းမိုင်းတွေကိုကြောက်လို့ ကမ်းပါးဘေးကပ်မီးသွားကြ

တဲ့အချိန် RPG နဲ့လှမ်းပစ်လိုက်တာ အဲဒီမှာ ကမ်းပါပြိုကျပီး ရေထဲကို စစ်သားတွေ ကျောပိုးခြင်းတွေလွယ်ပြီးသားနဲ့ ရေထဲပြုတ်ကျကုန်တာ။အဲဒီမှာ ရေနစ်ကုန်ကြတာပေါ့ သေဆုံးသူတွေများပါတယ် ရှာနေကြတုန်းပဲ ကျည်ဆံတွေနဲ့ကျည်အိမ်တွေလဲ တယ်” လို့ မိုးတားတိုက်နယ် PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတ်ိုင်းမ်ကို ပြောသည်။

၎င်း တိုက်ပွဲသည် စက်တင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ တိုက်ပွဲ ၅ ရက်တာဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ပျူစောထီးများမှာ၂၀ ဥ်ီးထက်မနည်း သေဆုံးခဲ့ပြီး အလောင်းများကို ဆက်လက်ရှာဖွေနေပြီး အဆိုပါတိုက်ပွဲသည်

မိုးတားတိုက်နယ် ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ လို့ သိရသည်။

#Ayeyarwaddy_Times