
ကနီမြို့နယ်တွင် စစ်ကောင်စီတပ်၏ နယ်လှည့်ဆက်ဆံရေးတပ်မှ အငြိမ်းစားယူခဲ့သည့် အနုပညာရှင်တဦးရဲ့ ကပြဖျော်ဖြေမှုနဲ့စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်
စစ်ကိုင်းတိုင်း ၊ယင်းမာပင်ခရိုင် ၊ကနီမြို့နယ်တွင် ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုများဦးဆောင်ပြီ ကျေးရွာ ၇ ရွာစုပေါင်းကာ အင်အားအများအပြားဖြင့် NUG အစိုးရအားထောက်ခံကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်အလိုမရှိကြောင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ညပိုင်းမှာ
ဆန္ဒပြခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် စစ်ကောင်စီတပ်၏ နယ်လှည့်ဆက်ဆံရေးတပ်မှ အငြိမ်းစားယူခဲ့သည့် အနုပညာရှင်တစ်ဦးမှ မြန်မာအက နှင့် သွေးစည်းညီညွတ်ရေးတေးသီးချင်းများသီဆိုကာ ကြွရောက်လာကြသည့် ပြည်သူများကို စည်းရုံး လှုံ့ဆော်ကာ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
#Ayeyarwaddy_Times