မြန်မာစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်တာကြောင့် ရိုဟင်ဂျာ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

မနေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် မြန်မာစစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကြောင့် ရိုဟင်ဂျာ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မြန်မာစစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့လို့ နယ်စပ်တစ်လျှောက် ကျွန်တော်တို့ လုံခြုံရေးအစီအမံတွေ တိုးမြှင့်နေပါတယ်” လို့ ဘန်ဒါဘန်ခရိုင် အုပ်ချုပ်ရေး မှူး ယက်စမင်းပါဗင်က ပြောပါတယ်။

ဖြစ်စဉ်ကို အထက်အာဏာပိုင်တွေထံ တင်ပြထားပြီး မြန်မာစစ်တပ်ထံ ကန့်ကွက်မှုတွေပြုလုပ်ဖို့ အ ကြောင်းကြားထားတယ်လို့ ၄င်းက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ် ရိုဟင်ဂျာလူငယ် မိုဟာ မက်အက်ဘာဆိုသူ ဖြစ်ပါတယ်။

နှစ်နိုင်ငံနယ်စပ်တစ်လျှောက် မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်ကြား လွန်ခဲ့တဲ့တစ်လလောက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မကြာခဏ ကျရောက် တာကြောင့် စစ်ကောင်စီခန့် မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်တာတွေရှိခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို ဟန့်တားဖို့ ဒုက္ခသည်စခန်းတွေကို မြန်မာစစ်တပ်က တမင် တကာ လက်နက်ကြီးနဲ့ပစ်ခတ်တာလို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ရက်စက်သော နယ်မြေရှင်းလင်းရေးကြောင့် ရို ဟင်ဂျာပြည်သူ ၁ ဒသမ ၂ သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

ကိုးကား – Anadolu

Ref; Rohingya killed by Myanmar’s mortar shells across border with Bangladesh