မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ သောင်းကြမ်းနေတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ တိုက်ခိုက်ခံရလို့ ၆ ဦးသေဆုံးပြီး

လက်နက်ကျည်ဆံတွေ သိမ်းဆည်းရမိ

ဧရာဝတီတ်ိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်မွှေနှောက်သောင်းကြမ်းနေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများတ်ိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူစောထီး ၆ ဦး သေဆုံးပြီး လက်နက်နှင့်ကျည်ဆံများ သိမ်းဆည်းနိုင်ခဲ့တယ် လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ကသိရသည်။

အဆိုပါဖြစ်စဥ်မှာ ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လည်

၁၂ နာရီဝန်းကျင်ကဖြစ်ပြီး ဝက်ပုတ်ကျေးရွာမှာတပ်စွဲထားပြီး

အနီးအနားရှိ မိတ္ထီလာ၊ ရွာတန်းရှည်၊ ဆယ်ပြားကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်နေသည့် စစ်တပ်နဲ့ပျူတွေလဲ ဖြစ်တယ် လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ကပြောသည်။

ထို့ပြင်ဆိုင်ကယ် ၄ စီးပေါ်တွင် စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ၈ ဦး လိုက်ပါလာပြီး ၆ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ဘာမထီ တပ်ဖွဲ့ဝင်များကပြောသည်။

“ဒီကောင်တွေကို မွှေနောက်ပီးပြည်သူတွေကို နှိပ်ဆက်နေတယ်ဆိုတာကြားလို့ အသင့်စောင့်နေတာကြတာ။ ရွာတွေကို မွှေနှောက်ပီးဆိုင်ကယ်တွေနဲ့ ပြန်လာချ်ိန်ကို စောင့်ပီး ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာပါ။ လမ်းကြောင်းအခြေအနေအရ သေနတ်ကတော့ တစ်လက်ပဲရလိုက်တယ်” လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက

ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

၎င်း စစ်ကောင်စီနဲ့ပျူစောထီးများထံက ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကာဘိုင်ကျည် ၂၂တောင့်ပါ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ စစ်ဆင်ရေးအား မြိုင်မြို့နယ် ပကဖအဖွဲ့၊ တပ်ရင်း (၁) ၊ တပ်ခွဲ (၁) နှင့် ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး

ပြည်သူ့ကာကွယ်ရေးရဲဘော်များ တစုံတရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ် လို့ ဘာမထီတပ်ဖွဲ့ကပြောသည်။

#Ayeyarwaddy_Times