ဧရာဝတီတိုင်းမ်
ဩဂုတ်၂၅ ရက်

ရုရှားနိုင်ငံဟာ တစ်နှစ်ကို ဘာလစ်စတစ်ဒုံးကျည် ၁,၃၀၀ စင်းအထိ ထုတ်လုပ်နိုင်စွမ်းရှိနေသေး လို့ စိုးရိမ်စရာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက သတိပေးလိုက်ပါတယ်။

ရုရှားနိုင်ငံ၌ လက်ရှိအချိန်မှာ ဘာလစ်စတစ်ဒုံးကျည် ၆၀၀ ကနေ ၆၃၀ အထိ ရှိနေတယ်လို့ သူက တနင်္ဂနွေနေ့ လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုတွေကို အားနည်းသွားအောင် လုပ်ဆောင် နေတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ရုရှားရဲ့ ဒုံးကျည်ထုတ်လုပ်နိုင်စွမ်း ပိုမိုမြင့်မားမလာစေဖို့ စစ်ဘက်ဆိုင်ရာစက်ရုံတွေကို တိုက်ခိုက် တာအပြင် အခြားနည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဆောင်းရာသီမှာ ဓာတ်အားပေးစက်ရုံတွေနဲ့ အခြားအရေးကြီး ပစ်မှတ်တွေကို တိုက်ခိုက်ခံရမှုမှ ကာကွယ်ဖို့အတွက် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ဒုံးကျည် အစင်း ၃၀၀ ရရှိဖို့ ယူ ကရိန်းက ကြိုးပမ်းနေတယ်လို့ ၎င်းက ရှင်းပြပါတယ်။

ယူကရိန်းကို ကြားဖြတ်ပစ်ဒုံးကျည်တွေ ကူညီထောက်ပံ့ပေးဖို့ ဇီလန်စကီးက အခြားနိုင်ငံတွေကို တောင်းဆိုထားပါတယ်။

“အမေရိကန် သိုလှောင်ထားတဲ့ အရန်လက်နက်တွေထဲက ၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၀ ရာခိုင်နှုန်း လောက် ရနိုင်မယ့် နည်းလမ်းမျိုး တွေ့လာလိမ့်မယ်လို့ ယုံကြည်ချင်ပါတယ်” လို့ သူက ပြောပါတယ်။

ကြာသပတေးနေ့ နံနက်ပိုင်းအထိ မြို့တော် ကိယက်ဗ်နဲ့ အနီးဝန်းကျင်ဒေသတွေကို ရုရှားက ဒုံး ကျည်တွေအပါအဝင် တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့တာကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ရတယ်လို့ ယူက ရိန်းက ထုတ်ပြန်ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Russia could produce up to 1,300 ballistic missiles per year