‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၄ ရက်

‎ရေကြည်မြို့နယ်တွင် ရေစီးဖြင့်မျောပါသွားပြီး ပျောက်ဆုံးသွားသည့် အသက် (၁၃) နှစ်အရွယ် ယောက်ျားလေးတစ်ဦး၏ ရုပ်အလောင်းကို ယနေ့တွင် ပြန်လည် ဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ စဉ့်ကူးရပ်ကွက်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၂ရက် ညပိုင်းကရေစီးထဲမျောပါသွားသော ယောကျာ်းလေးတစ်ဦး၏ရုပ်အလောင်းအား ဒုတိယနေ့အဖြစ် အရေးပေါ်ကယ်ဆယ်ရေး ပရဟိတ အဖွဲ့များမှ ပူးပေါင်း၍ရှာဖွေခဲ့ကြ‌သည်။

 

ထိုသို့ ထပ်မံ ရှာဖွေခဲ့ရာ ‎‎ယ‌နေ့ဩဂုတ် ၂၄ ရက် ၁၂နာရီ၊ ၂၇ မိနစ် ခန့်တွင် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“စမ်းချောင်းအရန်မီးသတ်၊ ပျဉ်းမနားအရန်မီးသတ်၊ တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ သုံးရောင် ခြယ်ပူးပေါင်းအဖွဲ့မှ ပူဆွေးသောက ရောက်နေသောမိသားစု၏အပူအားငြှိမ်းသတ်ကူညီပေးနိုင်ခဲ့ပါပြီ” ဟု လူမှုကယ်ဆယ်ရေးပြုလုပ်နေသူ ရဲသူရိန်အဖွဲ့က လူမှုကွန်ရက်တွင် မျှဝေထားသည်။

ရေစီးနှင့်မျောပါသွားသည်မှာ လူငယ်နှစ်ဦးဖြစ်ပြီး တစ်ဦးကို အသက်ရှင်လျက်ကယ်ဆယ် နိုင်ခဲ့သော် လည်း ရေစီးအတိုင်းမျောပါသွားသူ နောက်တစ်ဦးကို ကယ်ဆယ်နိုင်ရန်အတွက် ဩဂုတ် ၂၂ရက်နေ့နှင့် ၂၃ရက်နေ့တို့တွင် ရှာဖွေခဲ့သော်လည်း ယနေ့ နေ့လယ်ပိုင်းတွင်မှ အလောင်းကိုပြန်လည်တွေ့ရှိ ဆယ်ယူ နိုင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ရဲသူရိန် လူမှုကယ်ဆယ်ရေးအဖွဲ့