ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
အမေရိကန်ရေတပ်မှ P-8A Poseidon အမျိုးအစား ကင်းလှည့်လေယာဉ်တစ်စင်းဟာ ထိုင်ဝမ်ရေ လက်ကြားပေါ် ဖြတ်ကျော်ပြီး ပျံသန်းခဲ့ပါတယ်။
ဒီလို လေယာဉ်ပျံသန်းမှုဟာ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အာရှ-ပစိဖိတ်ဒေသ ဖြစ်ရေးအတွက် အ မေရိကန်ရဲ့ ကတိကဝတ်ကို ပြသတာလို့ အမေရိကန်ရေတပ် အမှတ် (၇) စစ်ရေယာဉ်စုက ပြောပါတယ်။
တရုတ်စစ်တပ်က အဆိုပါ ကင်းလှည့်လေယာဉ် ပျံသန်းမှုကို စောင့်ကြည့်ခဲ့ပြီး အခြေအနေအား လုံးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန် စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေဟာ ထိုင်ဝမ်နဲ့ တရုတ်ကို ပိုင်းခြားထားတဲ့ ဒီရေ လမ်းကြောင်းကို လပေါင်းများစွာမှာ တစ်ကြိမ် ဖြတ်သန်းလေ့ရှိပြီး ဒါဟာ တရုတ်အစိုးရကို ဒေါသထွက် စေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လာမယ့်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ အ မေရိကန်ကို သွားရောက်ဖို့ရှိနေပြီး ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာ ကန့်သတ်ချက်တွေကြောင့် တင်းမာနေတဲ့ ဆက်ဆံရေးကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။
အမေရိကန်ဟာ နိုင်ငံတကာဥပဒေနဲ့အညီ ထိုင်ဝမ်ရေလက်ကြားအတွင်း လှုပ်ရှားခြင်းအားဖြင့် နိုင်ငံအားလုံးရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို မြှင့်တင်ပေးနေတာလို့ အမှတ် (၇) စစ်ရေယာဉ်စု က ထုတ်ပြန်ပါတယ်။
အမေရိကန်စစ်တပ်ဟာ နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့ ဘယ်နေရာမဆို ပျံသန်းတာ၊ ရေ ကြောင်းသွားလာတာနဲ့ စစ်ဆင်ရေးလုပ်ဆောင်တာတွေကို ပြုလုပ်မယ်လို့ ဆိုပါတယ်။
တရုတ်က ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံး သိမ်းပိုက်ဖို့အထိ မူဝါဒချမှတ်ထားသလို ဒီရေလက်ကြားအပေါ်မှာ စီရင်ပိုင်ခွင့်ရှိတယ်လို့ ပြောထားပါ တယ်။
ထိုင်ဝမ်နဲ့ အမေရိကန်တို့က ဒီရေလက်ကြားဟာ နိုင်ငံတကာ ရေလမ်းကြောင်းတစ်ခုသာ ဖြစ် တယ်လို့ တုံ့ပြန်ထားပါတယ်။
တရုတ်အစိုးရကတ ထိုင်ဝမ်အရေးဟာ ပြည်တွင်းရေးဖြစ်ပြီး အမျိုးသား အကျိုးစီးပွား၏ အဓိက ပင်မ ဖြစ်တာကြောင့် မကျော်ဖြတ်ရမယ့်စည်းဖြစ်တယ်လို့ သတိပေးထားပါတယ်။
ကိုးကား – TRT World
Ref; US aircraft transits Taiwan Strait before planned Xi-Trump meeting