ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်
အမေရိကန်အစိုးရဟာ တောင်ကိုရီးယားနိုင်ငံသို့ AIM-9X အမျိုးအစား ဝေဟင်မှဝေဟင်ပစ် ဒုံး ကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချပေးဖို့ အတည်ပြုလိုက်ပါတယ်။
ဒီလိုဒုံးကျည်ရောင်းချဖို့ အတည်ပြုတာဟာ အာရှ မဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယား ရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ကို ပိုမို တိုးတက်လာစေမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ပြောကြားလိုက်တာပါ။
အစိုးရချင်း တိုက်ရိုက်ရောင်းချမယ့် ဒီအစီအစဉ်ဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းခန့် တန်ကြေးရှိတယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာ အဆိုပါအစီအစဉ်အတွက် အမေရိကန် ကွန်ဂရက်ထံ အကြောင်းကြားစာ ပေးပို့ထားပြီး အတည်ပြုချက်ရဖို့ စိစစ်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံက AIM-9X Sidewinder Block II မဟာဗျူဟာမြောက် ဒုံးကျည်အစင်း ၁၀၀ ကျော်အပြင် ဒုံးကျည်ထိန်းချုပ်စနစ် ၁၀ ခုကိုပါ ဝယ်ယူဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် အဓိကမဟုတ်တဲ့ အခြားစစ်ရေးဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ စစ်သင်တန်းပေးရာမှာသုံး မယ့် စက်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေကိုပါ ဝယ်ယူမှာဖြစ်ပါတယ်။
အာရှ-ပစိဖိတ်ဒေသရဲ့ တည်ငြိမ်ရေးနဲ့ စီးပွားရေး တိုးတက်မှုအတွက် အရေးပါတဲ့ မဟာမိတ်နိုင်ငံ ကို ကူညီတာဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒတွေကို အထောက်အကူပြုတယ်လို့ ဆိုပါ တယ်။
ဒီဒုံးကျည်တွေကြောင့် တောင်ကိုရီးယားအနေနဲ့ ဒေသတွင်း ရန်စမှုတွေကို ဟန့်တားနိုင်မှာဖြစ်ပြီး အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ပိုလွယ်ကူမှာပါ။
ကိုးကား – Yonhap News
Ref; U.S. approves potential sale to S. Korea of AIM-9X air-to-air missiles