ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

အီရန်နိုင်ငံကို သမိုင်းမှာ အပြင်းထန်ဆုံး စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ အမေရိကန်က ကြေညာပြီးတဲ့နောက် အီရန်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်မယ်လို့ သောကြာနေ့မှာ သတိ ပေးလိုက်ပါတယ်။

အီရန်ကို ကူညီတဲ့ ဘယ်နိုင်ငံမဆို စီးပွားရေးအရ အရေးယူခံရမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သ တိပေးချက်အပြီးမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘစ်ဆန့်က အသေးစိတ် ပိတ်ဆို့မှုအစီအစဉ် တွေကို လာမယ့်တနင်္လာနေ့မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အီရန် စစ်ဦးစီးချုပ် ဗိုလ်ချုပ် အလီအဒိုလာဟီက အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မယ့်အစီအစဉ် တွေကို ကြောက်နေမှာ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်မယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ စစ်ပွဲဟာ ၆ လနီးပါး ကြာမြင့်လာခဲ့ပြီး လူပေါင်းများစွာ သေ ဆုံးကာ ကမ္ဘာ့စက်သုံးဆီဈေးတွေ မြင့်တက်နေပေမဲ့ နှစ်ဖက်စလုံးကတော့ အနိုင်မရသေးဘဲ ကြိမ်းဝါးနေ ကြဆဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်စီးပွားရေးနဲ့ စစ်တပ် ပျက်စီးခဲ့ရပေမဲ့ အီရန်မှာ ဟော် မုဇ်ရေလက်ကြားက ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့နိုင်တဲ့ ဒုံးကျည်နဲ့ ဒရုန်းစွမ်းအားတွေ ကျန်ရှိနေသေး ပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ စစ်ပွဲနဲ့ပတ်သက်လို့ ထိရောက်အောင် မလုပ်နိုင်သေးတဲ့အတွက် သူ့ရဲ့ လူ ထုထောက်ခံမှုနှုန်းဟာ အနိမ့်ဆုံးအဆင့်ထိ ထိုးကျသွားခဲ့ပါတယ်။

အီရန် လွှတ်တော်ဥက္ကဋ္ဌ ကာလီဘတ်က အမေရိကန်ဟာ စစ်ရေးအရ အနိုင်မရနိုင်တော့တာကို သဘောပေါက်သွားပုံရပြီး စီးပွားရေးပိတ်ဆို့မှုတွေကို အသုံးချဖို့ ပြင်ဆင်လာတာလို့ စွပ်စွဲပါတယ်။

စီးပွားရေး ကျဆင်းမှုနဲ့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးလာရင် စစ်ရေးအရ ဘယ်လောက်ပဲ အင် အားကြီးကြီး ရေရှည်ရပ်တည်ဖို့ မလွယ်ကူဘူးဆိုတာကိုပါ စိုးရိမ်ကြောင်း ၎င်းက ပြောပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မယ့် ခြိမ်းခြောက်မှုတွေကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ထပ်မံမြင့် တက်သွားခဲ့ပြီး အဓိက ရေနံဝယ်ယူနေတဲ့ တရုတ်နိုင်ငံက ဒီလိုဖိအားပေးတာတွေကို လက်မခံဘဲ တွန်း လှန်မယ့် အရိပ်အယောင်တွေ ပြသနေပါတယ်။

ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် အမေရိကန်နဲ့ မဟာမိတ် နေတိုးအဖွဲ့တို့က ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ရေနံလမ်းကြောင်း မပြတ်တောက်စေဖို့ စီစဉ်နေပါ တယ်။

ကိုးကား – Reuters
Ref; Iran threatens military response to US sanctions