ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
ဘီလာရုစ်နိုင်ငံက မြန်မာပြည်သူတွေ လိုအပ်တာ မှန်သမျှကို ထောက်ပံ့ပေးနိုင်တယ်လို့ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ဩဂုတ် ၂၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။
မင်းစ်မြို့မှာပြုလုပ်တဲ့ ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲမှာ လူကာရှန်ကိုက မြန်မာနိုင်ငံ အကြောင်းကို အသေအချာ လေ့လာထားပြီး လိုအပ်ချက်တွေကိုလည်း အပြည့်အဝ သိရှိထားတယ်လို့ ပြောပါတယ်။
ဘီလာရုစ်မှာ မြန်မာပြည်သူတွေအတွက် လိုအပ်တာတွေကို ကူညီပေးဖို့၊ သင်တန်းပေးဖို့နဲ့ ထောက်ပံ့ပေးဖို့ နည်းပညာအပြည့်အဝ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သီးသန့်ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နယ် ပယ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို တွေ့ဆုံမှုပုံစံဟာ လူသိရှင်ကြား မဆွေးနွေးတဲ့ ကိစ္စရပ်တွေကို အဖြေရှာရာမှာလည်း အသုံး ဝင်ကြောင်း လူကာရှန်ကိုက ပြောပါတယ်။
မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ အရေးပါပြီး အလားအလာရှိတဲ့ မိတ်ဖက်အဖြစ် ၎င်းက တင် စားခဲ့ပြီး သဘောတူညီချက်တွေကို ခိုင်မာတဲ့ စီမံကိန်းတွေအဖြစ် ပြောင်းလဲချင်တယ်လို့ ဆိုပါတယ်။
၂၀၂၆-၂၀၂၈ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံအရ စက်မှုပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုး ရေးနဲ့ ဆေးဝါးထုတ်လုပ်ရေး စတဲ့ စီမံကိန်းတွေကို ၂၀၂၇ ခုနှစ်မှာ အကောင်အထည်ဖော်မှာပါ။
မင်းစ်နဲ့ နေပြည်တော်တို့မှာ ဘီလာရုစ်နဲ့ မြန်မာသံရုံးတွေ ဖွင့်လှစ်ဖို့ စီစဉ်နေတာကလည်း နှစ်နိုင် ငံ စီမံကိန်းတွေကို ပိုမိုတိုးတက်စေမယ်လို့ လူကာရှန်ကိုက ပြောပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံရေး တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီး မြန်မာပြည်သူတွေက မင်းအောင် လှိုင်ကို အပြည့်အဝ ထောက်ခံခဲ့ကြတယ်လို့လည်း ၎င်းက ဆိုပါတယ်။
မင်းအောင်လှိုင်က လူကာရှန်ကိုအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သူ့ရဲ့ အစိုးရဟာ ပြည်သူ တွေရဲ့ အကျိုးစီးပွားကို အခြေခံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွား မယ်လို့ ဆိုပါတယ်။
၂၀၂၇ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပြီး ဘီလာရုစ် စောင့်ကြည့်လေ့ လာသူတွေကို ဖိတ်ကြားသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သည့် မော်စကို ခရီးစဉ်အ ပြီး ကြာသပတေးနေ့မှာ ဘီလာရုစ်နိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။
ကိုးကား – Anadolu
Ref: Lukashenko says Belarus can provide Myanmar with ‘everything they need’