ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
တရုတ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသည့် ISP Myanmar အဖွဲ့တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူအဖြစ် တရားဝင်သတ်မှတ်လိုက်ကြောင်း အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဆိုသည်။
တရုတ်နိုင်ငံတွင်ဖမ်းဆီးခံရသော နိုင်ငံရေးသိပ္ပံပညာရှင် ဦးမင်းဇင်သည် အမေရိနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် တရားဝင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော (သို့မဟုတ်) ပြည်ပ ထွက်ခွာခွင့်ပိတ်ပင်ခံထားရသော အမေရိကန်နိုင်ငံသားအားလုံးကိုပြတ်လွှတ်ပေးရန်လည်း တိုက်တွန်း ထားပြီး အမေရိကန်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိကဦးစားပေးကိစ္စဖြစ်ကြောင်းထုတ်ပြန်သည်။
တရုတ်အစိုးရအနေဖြင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု( ISP – Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို မှားယွင်းစွာဆီးထားခြင်းဖြစ်ပြီး ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ် ပေးရန်လည်း ISP – Myanmar က တောင်းဆိုထားသည်။
ဦးမင်းဇင်သည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင်ပြုလုပ်မည့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ရန်သွားချိန်တွင် တရုတ်အစိုးရ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အမျိုးသား လုံခြုံရေးကို အန္တရာယ်ဖြစ်စေမှုဖြင့် တရုတ်နိုင်ငံကစွပ်စွဲထားသည်။
ဦးမင်းဇင်းသည် The New York Times ၊ Foreign Policy အပါအဝင် သတင်းမီဒီယာ အဖွဲ့ အစည်းများတွင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သည့် ဆောင်းပါးများကို ရေးသားနေသူလည်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်