ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
ယူကရိန်းကို ဒရုန်းတွေ ထောက်ပံ့နေတဲ့အတွက် ဗြိတိန်အနေနဲ့ ပေးဆပ်ရလိမ့်မယ်လို့ ရုရှားက သတိပေးခဲ့ပေမဲ့ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းက ရုရှားကို ရင်ဆိုင်ရာမှာ ယူကရိန်းဘက်မှ ၁၀၀ ရာ ခိုင်နှုန်း ရပ်တည်ပေးမှာဖြစ်ပြီး အလိုအပ်ဆုံးအချိန်မှာ အပြည့်အဝ ကူညီမယ်လို့ တုံ့ပြန်လိုက်ပါတယ်။
ဗြိတိန်လုပ် ဒရုန်းတွေကို ရုရှားနယ်မြေအတွင်း တာဝေးတိုက်ခိုက်မှုတွေမှာ ပထမဆုံးအကြိမ် စ တင်အသုံးပြုခဲ့တယ်ဆိုပြီး Times သတင်းစာက ဖော်ပြခဲ့ပြီးနောက် ရုရှားက ဗြိတိန်ဟာ ဒီစစ်ပွဲထဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပါဝင်လာတယ်လို့ စွပ်စွဲခဲ့တာပါ။
ရုရှားသံရုံးက “လန်ဒန်ရဲ့ ဒီလိုလုပ်ရပ်တွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အကျိုးဆက်တွေကို မ လွဲမသွေ ကြုံတွေ့ရမှာဖြစ်ပြီး စစ်ပွဲထဲ ပိုပါဝင်လာပြီး ကိယက်ဗ်ကို ကူညီလေလေ ပေးဆပ်ရမယ့် တန် ကြေးက ပိုကြီးမားလေလေ ဖြစ်လိမ့်မယ်” လို့ ထုတ်ပြန်ပါတယ်။
အန်ဒီဘန်းဟမ်းက ဗြိတိန်ရဲ့ ကူညီမှုဟာ ရုရှားသမ္မတ ပူတင်ရဲ့ မတရားစစ်ပွဲကို ဆန့်ကျင်ပြီး ယူ ကရိန်းကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း လက်တွေ့လုပ်ဆောင်နေတာလို့ ပြောပါတယ်။
“ကျနော်တို့ဟာ မင်္ဂလာရှိတဲ့ အချိန်တွေမှာမှ မိတ်ဆွေဖွဲ့တဲ့သူမျိုး မဟုတ်ပါဘူး။ ယူကရိန်း အလို အပ်ဆုံးဖြစ်နေတဲ့အချိန်မှာ ရပ်တည်ပေးမှာဖြစ်ပြီး ဒီရပ်တည်ချက်က ဘယ်တော့မှ မပြောင်းလဲဘူး” လို့ ၎င်းက ဆိုပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ရုရှားနယ်မြေကို တိုက်ခိုက်ရာမှာ ဗြိတိန်လုပ် ဒရုန်းတွေကို တကယ်ပဲ အသုံးပြုခဲ့သလားဆိုတာကို အတည်ပြုပေးခဲ့ခြင်း မရှိပါဘူး။
၂၀၂၂ ခုနှစ်၊ ယူကရိန်းစစ်ပွဲ စတင်ခဲ့ချိန်ကတည်းက အနောက်အုပ်စုရဲ့ စစ်ရေးအရ ကူညီထောက်ပံ့ မှုတွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေပါတယ်။
ကိုးကား – Asia Today
Ref; UK’s PM vows “100% support” for Ukraine despite Russia’s warning