ဩဂုတ် ၁၉ ရက်
ဧရာဝတီတိုင်းမ်

ထိုင်ဝမ်နိုင်ငံ ကောင်းရှုံနိုင်ငံတကာလေဆိပ်မှာ ဘိန်းဖြူတွေ ထည့်ထားတဲ့ ပလတ်စတစ်စွပ် အ ထုပ် ၇၂ ထုပ်ကို ဗိုက်ထဲ မြိုချပြီး မှောင်ခိုကူးဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်ဝမ် ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံခြားသားအချို့ဟာ မူးယစ်ဆေးဝါးတွေကို ခန္ဓာကိုယ်အတွင်းနဲ့ ခရီးဆောင်အိတ်တွေထဲ ဝှက် ပြီး မှောင်ခိုကူးဖို့ကြိုးပမ်းနေတယ်ဆိုတဲ့သတင်း ကြိုတင်ရရှိထားတာကြောင့် လေဆိပ်စုံစမ်းစစ်ဆေးရေး အဖွဲ့က ဧပြီလ ၆ ရက်နေ့မှာ အဆိုပါအမျိုးသမီးကို စစ်ဆေးပြီး ဖမ်းဆီးခဲ့တာပါ။

စစ်ဆေးချက်တွေအရ အမျိုးသမီးရဲ့ ဗိုက်ထဲမှာ ကာလပေါက်ဈေး ထိုင်ဝမ်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့် (ထိုင်းဘတ် ၃ ဒသမ ၇၂ သန်းနီးပါး) တန်ဖိုးရှိတဲ့ စုစုပေါင်း ၂၈၉ ဒသမ ၁ ဂရမ်အလေးချိန်ရှိ ဘိန်းဖြူတောင့် ၇၂ ခုကို တွေ့ရှိခဲ့ပါတယ်။

ဒီလိုလုပ်တာဟာ အစာအိမ်အက်ဆစ်ကြောင့် အပြင်ပလတ်စတစ်စွပ် ပေါက်ထွက်သွားရင် အ သက်အန္တရာယ် ပေးနိုင်တဲ့အထိ လွန်စွာစိုးရိမ်စရာကောင်းပြီး အန္တရာယ်များတဲ့ နည်းလမ်းဖြစ်တယ်လို့ စုံ စမ်းစစ်ဆေးသူတွေက ဆိုပါတယ်။

စစ်ဆေးရေးအဖွဲ့ဟာ သူမကို ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးဝါးများတိုက်ကျွေးကာ ဗိုက်ထဲက မူး ယစ်ဆေးအထုပ်တွေကို သဘာဝအတိုင်း စွန့်ထုတ်စေခဲ့ရာ ၁၀ ရက်ခန့် အချိန်ယူခဲ့ရပါတယ်။

အဆိုပါအမျိုးသမီးဟာ မွေထိုင်းနည်းပြတစ်ဦးဖြစ်တဲ့အတွက် စွန့်ထုတ်စဉ် ၂၄ နာရီပတ်လုံး အနီး ကပ် စောင့်ကြည့်ထားခဲ့ရတယ်လို့ သိရပါတယ်။

သူမကို ထိုင်ဝမ် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဥပဒေနဲ့ တရားစွဲဆိုရန် ခရိုင်အစိုးရရှေ့ နေရုံးက တရားရုံးမှာ အမှုဖွင့်လှစ်ထားပြီး ရမန်ယူ ထိန်းသိမ်းထားပါတယ်။

မကြာသေးမီကလည်း ထိုင်းနိုင်ငံမှာ ဆေးခြောက်တွေ ပါဝင်တဲ့ ခရီးဆောင်အိတ်တွေနဲ့အတူ ဖမ်း ဆီးခံခဲ့ရသူ ပြင်သစ်နိုင်ငံသား ၁၁ ဦးက အခမဲ့ အပန်းဖြေခရီးစဉ်နဲ့ မက်လုံးပေးပြီး အိတ်အလွတ်တွေ သယ် ဆောင်ခိုင်းရာမှ လိမ်လည်ခံခဲ့ရတာဖြစ်ကြောင်း ပြောပါတယ်။

ကိုးကား – Thaiger
Ref; Thai woman held in Taiwan over swallowing 72 heroin capsules