ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ပြီး စစ်ရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ကို ဆက် လက်ကျင့်သုံးမယ်လို့ ဩဂုတ်လ ၁၉ ရက်မှာ ပြောပါတယ်။

၁၁ ရက်ကြာ ပြုလုပ်နေတဲ့ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို ကိုရီးယားကျွန်းဆွယ် မှာ တင်းမာမှုတွေ မြှင့်တင်နေတဲ့ စစ်မီးမွှေးသူတွေရဲ့ လုပ်ရပ်အဖြစ် မြောက်ကိုရီးယားက စွပ်စွဲပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် ပါဝင်မှုကို သိသိသာသာ လျှော့ချဖို့ ပင်တဂွန်ကို ညွှန်ကြားခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း ပြောကြားခဲ့အပြီးမှာ အခုလို ဝေဖန်မှု ထွက်ပေါ်လာတာပါ။

ကင်ဂျုံအန်ဟာ ၎င်းရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်အပေါ် တုံ့ပြန်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြော ခဲ့ပေမဲ့ ဘယ်လိုဆက်သွယ်ခဲ့လဲဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်မပြောပါဘူး။

စစ်ရေးလေ့ကျင့်မှုကို အစီအစဉ်အတိုင်း စတင်ခဲ့ပေမဲ့ စစ်ရေးလေ့ကျင့်မှု လျှော့ချမယ့် အစီအစဉ် တွေကို ဆွေးနွေးဖို့ အမေရိကန်စစ်တပ်မှ တပ်မှူး ဇေးဗီးယားဘရွန်ဆန်ဟာ မနေ့က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်ခဲ့တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရှိနေလင့်ကစား နျူကလီးယားနဲ့ ဒုံး ကျည်အစီအစဉ်တွေကို တိုးချဲ့ထားတဲ့ ကင်ဂျုံအန်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းနေ ပါတယ်။

မဟာမိတ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရန်လိုတဲ့ လုပ်ရပ်အဖြစ် ပြုံယမ်းက အမြဲတမ်း ဝေဖန် လေ့ရှိပြီး ဝါရှင်တန်နဲ့ ဆိုးလ်တို့ကတော့ ဒီလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ကာ ကွယ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မဟာမိတ်တွေရဲ့ လုပ်ဆောင်ချက်ဟာ ကိုရီးယားကျွန်းဆွယ်နဲ့ အာရှ-ပစိဖိတ် ဒေသတစ်ခုလုံးမှာ တင်းမာမှုတွေကို ပိုမိုဆိုးရွားစေမယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ကိုးကား – Reuters
Ref; North Korea denounces US-South Korea joint military drills: KCNA